30.3 C
Yangon

ဒီပဲယင်းမြို့အဝင်ရှိ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိ

Must read

ဒီပဲယင်းမြို့အဝင်ရှိ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၃၁

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အဝင်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး သေနတ် ၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အာဏာရှင်တော် လှန်ရေး ပြည်သူ့တပ်မတော် – DRPA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၃၀ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က ဒီပဲယင်းမြို့အဝင် ဆီဆိုင်အနီး၌ ဖွင့်လှစ်ထား သော ကမ်ပြားဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဂိတ်ရှိ စစ်သား အားလုံး သေဆုံးပြီး ၎င်းတို့ကိုင်ဆောင် သော လက်လုပ် ပစ္စတို ၁ လက်၊ MA 1 ၂ လက်၊ MA2 ၁ လက်၊ MA3 ၁ လက်၊ အီနာဂါဗုံးသီး ၂ လုံး၊ ကျည်ကာ အင်္ကျီ ၂ ထည်၊ ကျည်ဘောက်များနှင့် ကျည်မျိုးစုံတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“သူက ဒီပဲယင်းမြို့အပြင်က ဆီဆိုင်အနီးမှာဖွင့်ထားတာ၊ အဲဒီဂိတ်က ၆ ယောက် ၇ ယောက်လောက်ပဲ အမြဲလိုလိုစောင့်ပြီးတော့ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးပြီးတော့ ငွေညှစ်တာတွေ၊ ဘာတွေ မျိုးစုံလုပ်လေ့ရှိတဲ့နေရာပဲ၊ ကျနော်တို့လက်နက်တွေသိမ်းဆည်းရရှိတာကလည်း ဂိတ်မှာတပ်စွဲထားတဲ့ ၆ ယောက်လုံးက မှောက်သွားတဲ့အတွက် ဒီပစ္စည်းတွေကို ရရှိလိုက်တာပါဗျ” ဟု အာဏာရှင်တော် လှန်ရေး ပြည်သူ့တပ်မတော် – DRPA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ (အာဏာရှင် တော်လှန်ရေး ပြည်သူ့တပ်မတော်) နှင့် Local Mobile Team (Depayin) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article