33 C
Yangon

ရှမ်းပြည်နယ်၊ ရွာငံမြိုနယ် ပဲရင်းတောင်ကျေးရွာကို စစ်တပ်က မီးတင်ရှို့ပြီး လူငယ် ၂ ဦးကို ဖမ်းဆီး

Must read

ရှမ်းပြည်နယ်၊ ရွာငံမြိုနယ် ပဲရင်းတောင်ကျေးရွာကို စစ်တပ်က မီးတင်ရှို့ပြီး လူငယ် ၂ ဦးကို ဖမ်းဆီး

ရန်ကုန်၊ ဩဂုတ် ၁

ရှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်ရှိ ပဲရင်းတောင်ကျေးရွာကို အကြမ်းဖက် စစ် တပ်နှင့် ပျူစောထီးများ ဇူလိုင် ၃၁ ရက် ည ပိုင်းတွင် ဝင်ရောက်၍ ပြည်သူ ၂ ဦး နှင့် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရ သည်။

မနေ့ညက ရှမ်းပြည်တောင်‌ပိုင်း ရွာငံမြို့နယ် ပဲရင်းတောင် ကျေးရွာ နေအိမ် မီးရှို့ဖျက်ဆီးတာ တွေကို စစ်ကောင်စီနဲ့ ပျူစောထီးတွေက လာရောက် လုပ်သွားပါတယ်။လူငယ် ၂ ယောက်လည်း ဖမ်းသွားပါသေးတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည် ။

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ကား ၃ စီး ၊ ဆိုင်ကယ် ၁ စီးနှင့် ရုတ်တရက် ရောက်လာသည့်အတွက် ပြည်သူများ ထွက်ပြေးချိန် မရှိဘဲ ပြည် သူများကို လာရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသူများမှာ ကိုရဲလင်းထွန်းနှင့် ကိုသန်းစိုးတို့ ၂ ဦးဖြစ်ပြီး ၎င်းတို့၏ အိမ်တံခါးများကို ကန်ဖွင့်၍ ဝင်ဆွဲသွားခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူများမှာ တောင်ယာ သီးနှံလုပ်ကိုင်နေသူများ ဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“ရိုက်နှက်လား ဘာလားတော့ သေချာ မသိဘူး။ တံခါးတွေ ကန်ဖွင့်ပြီး ဝင်ဆွဲ သွားကြတာဗျ။ သူတို့ ဝရမ်းထဲ ပါတဲ့ လူတွေဆိုတော့ တန်းဆွဲတာပဲဗျ။ ရွာမှာ တောင်ယာ သီးနှံတွေပဲ လုပ်ကြတာပဲ။ ယောက်ျားလူငယ်ပိုင်းတွေကတော့ ရှောင်တိမ်းနေရတာ ကြာပါပြီ ဖမ်းခံရတဲ့ လူလည်း မနည်းတော့ပါဘူး။ ငြိမ် သွားလို့ ပြန်နေလိုက်ရင် အဲဒီလို ခဏခဏ လာလာတယ်ဗျ” ဟု ဒေသ ပြည်သူက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောပြသည်။

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် နေအိမ်များကို မီးရှို့၍ ပြည်သူ ၂ ဦးကို ဖမ်းဆီးပြီးနောက် ညတွင်းချင်းပြန်လည် ထွက်ခွာသွားကြောင်း သိရှိရ သည်။

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် နေအိမ်များကို မီးရှို့
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article