36 C
Yangon

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် မုန်းတိုင်းငယ် အဖြစ်သို့ ရောက်ရှိသွားပြီး ပင်လယ်ပြင်ကို ဗဟိုပြုနေ

Must read

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် မုန်းတိုင်းငယ် အဖြစ်သို့ ရောက်ရှိသွားပြီး ပင်လယ်ပြင်ကို ဗဟိုပြုနေ

■ မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်းတွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအလွန်ကြီးမည်

ရန်ကုန်၊ သြဂုတ် ၁

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် မုန်းတိုင်းငယ် အဖြစ်သို့ ရောက်ရှိသွားပြီး ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုး/ဇလ ထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ်လ ၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက်တောင်ဘက် ရေမိုင် ၅၅ မိုင်ခန့်၊ စစ်တွေမြို့၏ အနောက် မြောက်ဘက် ရေမိုင် ၈၀ မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက် မြောက်ဘက် ရေမိုင် ၁၃၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဒီဂါမြို့၏ အရှေ့- အရှေ့တောင်ဘက် ရေမိုင် ၂၃၀ မိုင်ခန့်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ခီပူပါရာမြို့၏ အရှေ့တောင်ဘက် ရေမိုင် ၁၁၀ မိုင်ခန့်အကွာ ပင်လယ် ပြင်ကို ဗဟိုပြုကြောင်း သိရသည်။

မုန်တိုင်းငယ်သည် လက်ရှိချိန်ထိ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသောကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားကြောင်း၊ မုန်တိုင်းငယ်၏ လေတိုက်နှုန်းသည် အမြင့်ဆုံး တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်နှုန်းခန့်ရှိကြောင်း သိရှိရသည်။

ယင်း မုန်းတိုင်းငယ်ကြောင့် ယနေ့ နံနက်မှ စတင်ပြီး သြဂုတ်လ ၃ ရက်နေ့အတွင်း တစ်ပြည်လုံးတွင် မိုးထစ်ချုန်းရွာနိုင်ပြီး၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် မကွေးတိုင်း၊ တနင်္သာရီတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article