29 C
Yangon

စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၁၄၄ မှု ကျူးလွန်ခဲ့ပြီး လူပေါင်း ၁၅၉၅ ဦး သေဆုံး

Must read

စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၁၄၄ မှု ကျူးလွန်ခဲ့ပြီး လူပေါင်း ၁၅၉၅ ဦး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၁

အကြမ်းဖက်စစ်တပ်က မတရားအာဏာလုယူပြီးနောက်ပိုင်း အပြစ်မဲ့ပြည်သူ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၁၄၄ မှု ကျူးလွန်ခဲ့ပြီး ၁၅၉၅ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဌာနထံမှ သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင် စီတပ်က ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၀၂၁ ခုနှစ်တွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၁၁ ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် ၈၅ ကြိမ်နှင့်၊ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ ၄၈ ကြိမ် ဖြစ်ပြီး နောက်ဆုံးဖြတ်မှုမှာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင် မြို့နယ်၊ စုန်း ချောင်းကျေးရွာ၌ ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ကြောင်း၊ အဆိုပါသတ်ဖြတ် မှုတွင် အသက် ၁၈ နှစ်အောက် ၄ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၁၄ ဦးကို အစုလိုက်အပြုံလိုက် သတ် ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစုလိုက်အပြုံလိုက်သတ်မှုကောက်ယူရရှိထားမှုမှာ ၅ ဦးနှင့်အထက် ကျူးလွန်ခဲ့သော အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုများကို ကောက်ယူထားခြင်းဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်မှုများနှင့် လူ့အခွင့်အရေးချိုး ဖောက်မှုများအပေါ် တရားမျှတမှုဖော်ဆောင်နိုင်ရန် အစွမ်းကုန်ကြိုး ပမ်း သွားမည် ဖြစ်ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့၏ အာဏာသိမ်းရန် ကြိုးပမ်းမှုကို ပြည်သူများက ဆက်လက်တွန်း လှန် နေကြသဖြင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို စနစ်တကျ ကျင့်သုံးကာ ပိုမိုပြင်းထန်စွာနှင့် ကျယ်ပြန့်စွာ အသုံးပြုလာနေကြောင်း ကောက်ယူရရှိထားသော အချက်အလက်များအရ သိရသည်။

အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသည့် အလေ့အထများကို အပြီးတိုင် ဖျက်သိမ်းကာ တရားမျှတမှုကို ဖော်ဆောင်နိုင်ရန် မိဘပြည်သူများ အနေ ဖြင့်လည်း အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် နိုင်ငံတကာရာဇဝတ်မှုကျူးလွန်နေမှု များကို လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနထံသို့ ပေးပို့ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article