38 C
Yangon

ရေဦး၊ ဒီပဲယင်း၊ ရွှေဘိုနှင့် ခင်ဦးတို့တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရွာပေါင်း ၃၀ ကျော်မှ သောင်းနှင့် ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရေဦး၊ ဒီပဲယင်း၊ ရွှေဘိုနှင့် ခင်ဦးတို့တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရွာပေါင်း ၃၀ ကျော်မှ သောင်းနှင့် ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ သြဂုတ် ၁

စစ်ကိုင်းတိုင်း၊ ရေဦး၊ ဒီပဲယင်း၊ ရွှေဘိုနှင့် ခင်ဦး မြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ရွာပေါင်း ၃၀ ကျော်မှ သောင်းနှင့် ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၃၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ခင်ဦးမြို့နယ်ထဲမှ ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်၏ ခမရ ၇၀၈ နှင့် ၇၀၂ စစ်ကြောင်းသည် ရေဦးမြို့နယ်နှင့် ဒီပဲယင်း မြို့နယ် အစပ်ရှိ ကျေးရွာများကို ကားကြီး ၄ စီးဖြင့် ခြေလျင် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် ရေဦးနှင့် ဒီပဲယင်း မြို့နယ်အစပ်ရှိ မူးသာကုန်း၊ ရွာသာလေး၊ ကုက္ကိုစု၊ ပေါက်သာ၊ ဆည်ကြီး၊ ပိဋကတ်ကျ၊ ဇိန့်ဇွန်း၊ ချောင်းပေါက်၊ အောင်ချမ်းသာ၊ သရက်တော၊ မဲအိုး၊ လက်ယက်ကုန်း၊ မူးခတွင်း၊ ညောင်ကြီးကုန်း၊ နှဘဲလှ၊ ကံကုန်း၊ ဝဲကြီး၊ ညောင်လှ၊ သပြေသာ၊ လက်ဆည်နှင့် ကုန်းကြီး စသည့် ကျေးရွာများမှ သောင်းနှင့် ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။

အလားတူ ရွှေဘိုအနောက်ခြမ်းရှိ ဆိပ်ခွန်ရွာ၌ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း ထန်းစင်၊ ပုဏ္ဏားကုန်းရွာများဘက်ကို ထွက်ခွာလာသောကြောင့် ရွှေဘိုအနောက်ခြမ်းရှိ ပြည်သူတွေကလည်း ဒီပဲယင်းမြို့နယ်ဘက်ကို တိမ်းရှောင်တိမ်းရှောင်နေရကြောင်း သိရှိရသည်။

ထို့ပြင် ရေဦးမြို့ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ မူးသာရွာအနီးကို ပစ်ခတ်နေသောကြောင့် ခင်ဦးအနောက်ခြမ်းရှိ ကျေးရွာမှ ပြည်သူများလည်း ညတွင်းချင်း ထွက်ပြေးကြရကြောင်း သိရသည်။

” မြို့နယ် ၄ မြို့နယ်က ရွာပေါင်း ၃၀ ကျော်လောက်က ပြည်သူ ၁ သောင်းကျော် စစ်ဘေးရှောင်နေရတယ်။ စစ်ခွေးက ရေဦးမြို့နယ်ထဲ ပြန်ဝင်မလို့နဲ့ ညတွင်းချင်း စစ်ကြောင်းထိုးနေတာ ပြည်သူတွေလည်း ညအချိန်ကြီးကို ထပြေးနေရတာ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) ကပြောဆိုသည်။

Photo – ဒီပဲယင်း စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့

ဒီပဲယင်း စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article