36 C
Yangon

နိုင်ငံတစ်ဝန်း တပ်ရင်းတပ်ဖွဲ့များတွင် ခုခံစစ်အတွက် အသေးစိတ် ပြင် ဆင် ကြရန်၊ မိုင်းများ ထောင်ထားရန်၊ ဒရုန်းအန္တရာယ်သတိပြုကြရန် လျှို့ဝှက် ညွှန် ကြားပြန်

Must read

နိုင်ငံတစ်ဝန်း တပ်ရင်းတပ်ဖွဲ့များတွင် ခုခံစစ်အတွက် အသေးစိတ် ပြင် ဆင် ကြရန်၊ မိုင်းများ ထောင်ထားရန်၊ ဒရုန်းအန္တရာယ်သတိပြုကြရန် လျှို့ဝှက် ညွှန် ကြားပြန်

■ စစ်သည်များနှင့်မိသားစုဝင်များ မသက်ဆိုင်သည့် ဗီဒီယိုနှင့်သတင်းများ မကြည့် ကြရန်နှင့် စစ်ဆေးရန် အမိန့်ပေး

ရန်ကုန်၊ ဩဂုတ် ၂

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ တပ်ရင်းတပ်ဖွဲ့များတွင် ခုခံစစ် အတွက် ပြင်ဆင်ကြရန် အသေးစိတ် ထပ်မံ ညွှန်ကြားလာကြောင်း စစ်တပ်နှင့် နီးစပ်သော သတင်းရင်းမြစ်များထံမှ သိရှိရသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ နောက်ဆုံးအပတ်အတွင်း ပြုလုပ်ခဲ့သော စစ်တပ် ထိပ် ပိုင်း အစည်းအဝေးတွင် တပ်ရင်းတပ်ဖွဲ့များ လိုက်နာရန် အချက် ၁၀ ချက် ပါ ညွှန်ကြားချက်ကို လျှို့ဝှက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ညွှန်ကြားချက်တွင် တပ်ရင်းတပ်ဖွဲ့များအားလုံးတွင် ဒရုန်းတိုက်ခိုက်မှု အန္တရာယ်ကာကွယ်ရန် လျှို့ဝှက် မျှော်စင်များ တည်ဆောက်ရန်၊ တပ်ရင်း တပ် ဖွဲ့များ၊ ဌာနချုပ်များ၏ လုံခြုံရေးအတွက် တပ်စခန်း ပတ်လည်တွင် ဆက်သွယ် ရေး မြောင်းများ တူးဖောင်ဆောင်ရွက်ရန်၊ တပ်ခြံစည်းများ၏ အတွင်းစည်း ၆ ပေပတ်လည်အတွင်း နင်းမိုင်း၊ တိုက်မိုင်း၊ ကြီးကြပ်မိုင်းများ တပ်ဆင်းထားရှိရန် တို့ပါဝင်ကြောင်း သိရှိရသည်။

ထို့ပြင် နောက်ချန်အင်အား စစ်သည်၊ ရဲမေ၊ မှီခိုအားလုံးကို လုံခြုံရေးဆို်ငရာ ညွှန်ကြားချက်များအတိုင်း အတိအကျ လိုက်နာစေရေးအတွက် ဇတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်ရန်၊ အရာရှိ၊ စစ်သည်၊ မှီခိုအားလုံး မိမိတပ်ကို မိမိ၏ မိသားစုသဖွယ်သဘောထားပြီး ကာကွယ်စောင့်ရှောက်သွားကြရန်အတွက် တန်းစီချိန်များနှင့် မိသားစု ဆွေးနွေးပွဲများတွင် တပ်ရင်းမှူးများက ဦးဆောင် ဆွေးနွေး ချပြသွားရန် တို့ပါဝင်သည်။

စစ်ကောင်စီ၏ ညွှန်ကြားချက်များတွင် ယခုကာလသည် နိုင်ငံတော်လုံခြုံရေး အရေးပေါ်ကာလဖြစ်၍ မိမိတို့နှင့်မသက်ဆိုင်သော သတင်းများ ၊ ဗီဒီယိုကလစ် များကို လုံး၀ ကြည့်ရှုခြင်းမပြုရေးအတွက် အကြီးအကဲများကိုယ်တိုင် လိုက်လံ စစ်ဆေး ကြပ်မတ်သွားရန် လည်း ပါဝင်ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ လျှို့ဝှက် ညွှန်ကြားချက်တွင် အရာရှိ၊ စစ်သည်၊ မှီခိုများ အနေ ဖြင့် စည်းလုံးညီညွတ်သောတပ်မတော်ဖြစ်၍ ရန်သူကို အမြစ်ဖြတ် တိုက်ခိုက် ချေမှုန်းသွားရန်၊ ယခုကာလသည် နိုင်ငံတစ်ဝန်း စစ်ဆင်ရေး ကာလ ဖြစ် သည့်အတွက် အရာရှိ၊ အရာခံ အကြပ် တပ်သား အားလုံး ဆင်းရဲပင်ပန်း ခက်ခဲ ကြမ်းတမ်းမှုများကို အမှုမထားဘဲ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်ဖြင့် ကြံ့ကြံ့ခံရပ်တည်သွားကြရေး တပ်ရင်းမှူးများအားလုံးက အမြဲမပြတ် ချပြ ဆောင် ရွက်သွားရန် တို့လည်း ပါဝင်သည်။

စစ်ကောင်စီက စစ်တပ်အတွင်း စားဝတ်နေရေး ပြေလည်စေရေးအတွက် တပ်တွင်း သက်သာဆိုင်များတွင် စားသောက်ကုန် မပြတ်စေရေး ဆောင်ရွက် ရန်၊ တပ်ရင်းမှူးများအနေဖြင့် အိမ်ထောင်သည်လိုင်းခန်းများကို မကြာခဏ သွာရောက်စစ်ဆေးပြီး လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင် ရွက်ပေးရန်နှင့် စိတ်ဓာတ်ရေးရာအရ အားပေးမှုများ ပြုလုပ်သွားကြရန် ညွှန် ကြား ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- တပ်ရင်းတပ်ဖွဲ့တစ်ခုတွင် ဆက်သွယ်ရေးမြောင်းများ တူးထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article