39 C
Yangon

နတ်တလင်း၊ တောင်ညိုဆည်၊ စက်လှေဆိပ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

နတ်တလင်း၊ တောင်ညိုဆည်၊ စက်လှေဆိပ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၂

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ လယ်မအင်းအုပ်စု၊ တောင်ညိုဆည်၊ စက်လှေ ဆိပ် ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း နတ်တလင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ MRF – Nattalin မှ တာဝန်ရှိသူက ပြောဆိုသည်။

ဩဂုတ်လ ၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊နတ်တလင်းမြို့နယ် ၊လယ်မအင်းအုပ်စု ၊ တောင်ညိုဆည် ၊ အောင်သုခ စက်လှေဆိပ်၌ တပ်စွဲထားသည့် အကြမ်းဖက် စစ်အုပ်စုစစ်ဆေး ရေး ဂိတ်စခန်းကို MRF-NATTALIN တပ်ဖွဲ့က ဗုံးပစ်လောင်ချာဖြင့် သွား ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုဘက်က လက်နက်ငယ်လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော် လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်ဘက်က အထိအခိုက်ရှိတယ်။ အရေအတွက်တော့ စုံစမ်းနေတာ။ စစ်တပ်က ကြောက်လန့်ပြီး ပြန်ပစ်တာ ထိခိုက်သေဆုံးသူ ကတော့ရှိမှာ သေချာတယ်။ ခွေးတွေစုနေတဲ့အုပ်ထဲကျသွားတာ။ လက်နက်ကြီးက ။အဲဒီဂိတ်က အရမ်းဆိုးတာ။ တောင်ညိုဆည်ထဲက ရွာတွေနဲ့ ဆည်အထက်ပိုင်း ကရွာတွေက အောင်သုခရွာကို ဈေးဝယ်သွားရင် အဲဒီမှာပဲလှေကကပ်ရတာ။ စားသောက်ကုန်တွေဆို ပြည်သူတွေကို ၃ ရက်စာအပြင်ပိုမဝယ်ရဘူး။ ဝယ်တာ တွေ့ရင်အကုန်သိမ်းတယ်” ဟု MRF – Nattalin မှ တာဝန်ရှိသူက ရှင်းပြသည်။

MRF – Nattalin အနေဖြင့် အကြမ်းဖက်စစ်တပ်လက်ပါးစေများကို ဆက် လက် တိုက်ခိုက်နေဦးမည်ဖြစ်သဖြင့် ပြည်သူများ အနေ နှင့် ၎င်းတို့နှင့် အတူတကွပူးပေါင်းနေထိုင်ခြင်း၊ လှုပ်ရှားသွားလာခြင်းများအပါအဝင်

အနီးအနား တွင် နေထိုင်ခြင်းများ၊ ထောက်ပံ့ကူညီခြင်းများလည်း မပြုလုပ် ကြရန် သတိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article