28 C
Yangon

မြိုင်မြို့နယ်၊ ကန်နီရွာရှိ ပျူစောထီးစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

မြိုင်မြို့နယ်၊ ကန်နီရွာရှိ ပျူစောထီးစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ သြဂုတ် ၂

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာရှိ ပျူစောထီးစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း MPL People Defence Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၃၁ ရက်နေ့တွင် ည ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ကန်နီရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက နံနက် ၅ နာရီ ထိ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နံနက် ၆ နာရီခန့်တွင်လည်း ယင်း ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ပြီးကာ မွန်းလွဲ ၁၂ နာရီခန့်ထိခိုက်ခဲ့ကြောင်း တိုက်ခိုက်မှုအတွင်း ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးသူ ရှိမရှိကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို MPL တိုက်နယ် ၄ ပကဖ၊ သပြေတော ပကဖ၊ သိန်းငှက်နီ ပြောက်ကျားတပ်ဖွဲ့၊ TKGF ၊ SDB၊ ရွှေဟင်္သါ၊ Gen 21၊ အညာမုန်တိုင်း၊ အညာဒေါင်း ၊MRG၊ အမေ့သားများ၊ အညာ Region၊ အညာမြေ၊ နဂါးနီ၊ ဆင်ရိုင်းရာဇာ၊ MVRF (ခရိုင်တပ်ရင်း ၆) ၊ဆားလင်းကြီး ဒုံးအဖွဲ့များအပြင် အခြား မဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article