33 C
Yangon

ဒီပဲယင်းမြို့နယ်တွင် စစ်တပ်က စစ်​ကြောင်းထိုးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၁၁ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထပ်မံ ထွက်​ပြေးနေရပြီး မရကန်ရွာကို စစ်တပ်က မီးတင်ရှို့နေ

Must read

ဒီပဲယင်းမြို့နယ်တွင် စစ်တပ်က စစ်​ကြောင်းထိုးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၁၁ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထပ်မံ ထွက်​ပြေးနေရပြီး မရကန်ရွာကို စစ်တပ်က မီးတင်ရှို့နေ

ရန်ကုန်၊ သြဂုတ် ၂

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်​ကြောင်းထိုးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၁၁ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထပ်မံ ထွက်​ပြေးနေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ယနေ့ သြဂုတ်လ ၂ ရက်နေ့တွင် နံနက်ပိုင်းတွင် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်း ဝင်ရောက်နေပြီး ကျေးရွာ ၁၁ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော်ခန့်သည် ဘေးလွတ်ရာသို့ ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေးနေရခြင်းဖြစ်ကြောင်း သိရသည်။

ဒီပဲယင်းမြို့ နယ်အရှေ့ခြမ်းရှိ မရကန် ၊ အုံးခါး ၊ ဘန့်ဘွေး ၊ ဆင်ရောက်ကုန်း ၊ တနယ် ၊ ကုန်းတဲ ၊ အင်ပင် ၊ ဒိုင်နတ် ၊ မြင်းတံကျေး ၊ သပြေကုန်း ၊ ဆင်ဝပ်ကုန်း စသည့်ကျေးရွာများမှ ပြည်သူ ၅၀၀၀ ကျော်သည် ထပ်မံထွက်ပြေး တိမ်းရှောင် နေကြောင်း သိရှိရသည်။

ဇူလိုင်လ ၃၁ ရက်နေ့ ညပိုင်းကလည်း ဒီပဲယင်းမြို့နယ်နှင့် ရေဦးမြို့နယ်အစပ်ကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ရွာသားလေး ၊ မူးသာကုန်း ၊ ကုက္ကိုစု ၊ ပေါက်သာ ၊ ဆည်ကြီး ၊ ဇိန့်ဇွန်း ၊ ပိဋကတ်ကျ ၊ ချောင်းပေါက်၊ မဲအိုး ၊ လက်ယက်ကုန်း ၊ ညောင်ကြီးကုန်း ၊ မူးကတွင်း ၊ အောင်ချမ်းသာ ၊ သရက်တော ၊ နှဘဲလှ ၊ ကံကုန်း ၊ ဝဲကြီး ၊ ညောင်လှ ၊ လက်ဆည် ၊ သပြေသာ ၊ ရုံးသာ ၊ နများ ၊ ယဥ်ကျေး စသည့်ကျေးရွာများမှ ပြည်သူများလည်း လက်ရှိချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

” ဒီနေ့ နံနက် ဒီပဲယင်းနယ်အရှေ့ခြမ်းက ရွာတွေ စစ်ရှောင်ပြည်သူ ၅ထောင်ခန့်လောက် ထပ်မံ တိမ်းရှောင်နေရတယ်။ ဒီနေ့ ရေဦးနယ် တောင်ဘက်ခြမ်း ပိဋကတ်ကျရွာမှာ ၂ ရက်တပ်စွဲခဲ့တဲ့ ခမရ ၇၀၈နဲ့ ၇၀၂ စစ်ကြောင်းက ဒီပဲယင်းနယ်အရှေ့ခြမ်းရွာတွေဘက်ကို လက်နက်ကြီးတွေပစ်ခတ်ဝင်လာတယ်။ အခုလက်ရှိ စစ်ကြောင်းက ဒီပဲယင်းနယ်အရှေ့ခြမ်း မရကန်ရွာမှာ တပ်စွဲထားပြီး မရကန်ရွာကိုလည်း မီးရှို့နေပြီလို့သိရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

အဆိုပါ ကျေးရွာများမှ ပြည်သူ ၁၃၀၀၀ ကျော်သည် လက်ရှိချိန်တွင် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ပြီး စစ်ရှောင်အရေအတွက် များပြာလွန်သောကြောင့် စားနိပ်ရိက္ခာများ အရေးပေါ်လိုအပ်နေပြီး လှူဒါန်းလိုသော ပြည်သူများအနေဖြင့် “ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေး” Page နှင့် ဒီပဲယင်းမြို့နယ်ညီနောင်များ page သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

Photo – ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့

ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article