32 C
Yangon

ကလေးမြို့ရှိ အ.ထ.က ၂ ကျောင်းရှေ့၌ စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သားများကို မိုင်းခွဲ တိုက်ခိုက်မှု ၁ ဦး သေဆုံး

Must read

ကလေးမြို့ရှိ အ.ထ.က ၂ ကျောင်းရှေ့၌ စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သားများကို မိုင်းခွဲ တိုက်ခိုက်မှု ၁ ဦး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ အ.ထ.က ၂ ကျောင်းရှေ့၌ စစ်ဆေးရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်သားများကို မိုင်းခွဲ တိုက်ခိုက်ရာ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၃ ရက်နေ့တွင် ကလေးမြို့ရှိ အ.ထ.က ၂ ကျောင်းရှေ့၌ စစ်ဆေးရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်သားများကို အမည်မသိ တော်လှန်ရေး အင်အားစုများက မိုင်းခွဲတိုက်ခိုက်ရာ ၁ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

“၃ ယောက်လှုပ်တောင် မလှုပ်နိုင်ဘူး။ ဒရွတ်တိုက် အမှိုက်သိမ်းတဲ့ကားပေါ်ဆွဲတင်သွားတယ်။ အဲဒီထဲက အကုန်သေ မသေ မသိသေးဘူး။ မိုင်းခွဲတာက ၁ ယောက်သေတယ်” ဟု ဒေသပြည်သူ ၁ ဦးမှ ပြောကြားသည်။

မိုင်းထိ၍ စစ်သား ၁ ဦး သေဆုံးချိန်တွင် အကြမ်းဖက်စစ်သားများက ရမ်းသမ်း ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး ၎င်းတို့ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ပေါင်ကို သေနတ်ကျည် ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနက်က မိုင်းထိပြီး စခတွေ ရမ်းပစ်တာမှာ ပြည်သူထဲက ပေါင် သေနတ်မှန်၊ တစ်ယောက် ကျောင်းနားကလို့ပြောတယ်။ အသက် ၆၅ တော့ အနည်းဆုံးရှိမယ် အမျိုးသား။ အသက်တော့ မစိုးရိမ်ရဘူး “ ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်အဖွဲ့ဝင်များသည် တိုက်ခိုက်ခံရပြီးနောက် ၁ ဦး သေဆုံးကာ ၃ ဦး မလှုပ်နိုင်ဖြစ်ခဲ့သည့်အတွက် ကျန် အကြမ်းဖက်စစ်သားများသည် လဲကျသွားသူများကို အမှိုက်ကားနှင့် ဆွဲတင်၍ မောင်းပြေးသွားကြောင်းလည်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article