38 C
Yangon

မာရဝိဇယ အနေကဇာတင်ပွဲ ကျေးဇူးတင်လွှာတွင် လက်သုံးချောင်းထောင် တရား ပြခဲ့သော ကျောက်မဲဆရာတော်၏ အမည်နှင့်ဘွဲ့တော် ကို စစ်ကောင်စီ က ချန်ရစ် ထား

Must read

မာရဝိဇယ အနေကဇာတင်ပွဲ ကျေးဇူးတင်လွှာတွင် လက်သုံးချောင်းထောင် တရား ပြခဲ့သော ကျောက်မဲဆရာတော်၏ အမည်နှင့်ဘွဲ့တော် ကို စစ်ကောင်စီ က ချန်ရစ် ထား

ရန်ကုန်၊ ဩဂုတ် ၅

နေပြည် တော် မာရဝိဇယ ရုပ်တု အနေကဇာ တင်ပွဲ အတွက် ကျေးဇူးတင် လွှာကို ယနေ့ စစ်ကောင်စီထုတ် ဝါဒဖြန့် သတင်း စာ များ တွင် ဖော်ပြရာတွင် လက်သုံးချောင်းထောင် တရားပြခဲ့သော ကျောက်မဲ ဆရာ တော်၏ အမည်ကို စစ်ကောင်စီက ချန်ရစ်ထားခဲ့ပြီး သီတဂူဘုန်းကြီးကို ဦးစားပေးဖော်ပြကြောင်း သိရှိရသည်။

ဩဂုတ်လ ၁ ရက်နေ့ မာရဝိဇယ ရုပ်တု အနေကဇာတင်ပွဲတွင် ရှမ်းပြည် နယ်(မြောက်ပိုင်း)ကျောက်မဲမြို့ သီဟိုဠ်ပရိယတ္တိစာသင်တိုက် ပဓာနနာယက နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ကျောက်မဲ ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရက တရားဟောခွင့်ရရှိခဲ့ပြီး ဘုရှားရှင်ဟောပြောခဲ့သော တရား ၃ ပါးအကြောင်းကို လက်သုံးချောင်း ထောင်၍ အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များကို ဟောပြော ခဲ့သည်။

ကျောက်မဲဆရာတော်က တရားပွဲတွင် ၁- မကောင်းတဲ့အလုပ်ကို မလုပ်ပါနဲ့၊ ၂- ကောင်း တဲ့အလုပ်ကို လုပ်ပါ၊ ၃-မိမိရဲ့စိတ်ကို ဖြူစင်အောင်ထားပါ ဆိုသော တရား ၃ ပါးကို လက်သုံးချောင်းထောင်၍ ရှင်းပြခဲ့ခြင်းဖြစ်ပြီး ပြည်သူများ အကြား ဆရာတော်၏ တရားသည် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များ ၏ အရှိုက် ထိစေသော တရားအဖြစ် ထောက်ခံ ပြောဆိုနေကြသည်။

ယနေ့ စစ်ကောင်စီထုတ်သတင်းစာများတွင် ဩဂုတ်လ ၁ ရက်နေ့ မာရဝိဇယ အနေကဇာတင်ပွဲ ကျေးဇူးတင်လွှာကို စစ်ကောင်စီက ကြေညာရာတွင် နိုင်ငံ တော် သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ကျောက်မဲ ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရအမည်ကို လုံး၀ မဖော်ပြဘဲ သီတဂူ ဘုန်းကြီး ဦးဆောင်သော ဩဝါဒါစရိယ ဆရာတော်ကြီးများဟုသာ ဖော်ပြပြီး ချန်ရစ်ထားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်ဖြစ်တဲ့ ကျောက် မဲ ဆရာတော် အမည်နဲ့ဘွဲ့ကို ဖြုတ်ထားခဲ့တာက စစ်တပ်က မကြိုက်တဲ့ တရား ဟောလို့ထင်တာပဲ။ တကယ်က ဥက္ကဋ္ဌ ဆရာတော် ပျံတော်မူပြီးတဲ့အချိန်မှာ ကျောက်မဲဆရာတော်က နိုင်ငံတော် သံဃမဟာနာယကမှာ အမြင့်ဆုံးပဲလေ။ ဆရာတော်ကို ကျေးဇူးတင်လွှာမှာ ချန်ထားခဲ့တာ အတော် ကြီးကို သိသာ တယ်” ဟု ဝါရင့်သတင်းသမားတစ်ဦးက သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article