27 C
Yangon

နွေဦးတော်လှန်ရေးသည် အာဏာရှင်စနစ် ရှင်သန်စေမည့် အုပ်ချုပ်သူ အပြောင်းအလဲ မဟုတ်ဘဲ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်ကြောင်း NUCC နှင့် NUG ပူးတွဲ ကြေညာ

Must read

နွေဦးတော်လှန်ရေးသည် အာဏာရှင်စနစ် ရှင်သန်စေမည့် အုပ်ချုပ်သူ အပြောင်းအလဲ မဟုတ်ဘဲ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်ကြောင်း NUCC နှင့် NUG ပူးတွဲ ကြေညာ

ရန်ကုန်၊ ဩဂုတ် ၆

နွေဦးတော်လှန်ရေးသည် အာဏာရှင်စနစ် ရှင်သန်စေမည့် အုပ်ချုပ်သူ အပြောင်းအလဲ မဟုတ်ဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဖြစ်ကြောင်း NUCC နှင့် NUG က ယနေ့ ရက်စွဲဖြင့် ပူးတွဲ ကြေညာခဲ့သည်။

နွေဦးတော်လှန်ရေး၌ အတူတကွလက်တွဲ တိုက်ပွဲဝင်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများက စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ချုပ် ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Federal Democracy Charter) အစိတ်အပိုင်း (၁) ပါ ပြည်ထောင်စုမျှော်ရည်ချက်နှင့် စံတန်ဖိုး၊ လမ်းညွှန် အခြေခံမူများ၊ အခြေခံမူဝါဒ များနှင့် နိုင်ငံရေးလမ်းပြမြေပုံတို့ကို အခြေခံ၍ အောက်ပါ နိုင်ငံရေး ရည်မှန်းချက် များနှင့် နိုင်ငံရေးရပ် တည်ချက်များကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့နွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်ပန်းတိုင်သည် အသွင် သဏ္ဍာန်သာမက အနှစ်သာရပါ ပြည့်စုံခိုင်မာ၍ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံးသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် စု တည် ဆောက်ရေး (System Change) ဖြစ်ပြီး အသွင်သဏ္ဍာန် သာပြောင်း၍ အနှစ်သာရပြောင်း လဲ ခြင်းမရှိသော အာဏာရှင်စနစ်ကို ဆက်လက်ရှင်သန်စေမည့် အုပ် ချုပ် သူ အပြောင်းအလဲ (Regime Change) လုံးဝမဟုတ်ပါကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိနိုင်ရန် လက်ရှိ တရားမဝင် စစ်အာဏာ သိမ်းယူ ထားမှုကို အပြီးတိုင် ဖယ်ရှားရမည့်အပြင် စစ်အာဏာသိမ်းသည့် အလေ့အထနှင့် စစ်တပ်၏ နိုင်ငံရေး တွင် ပါဝင်ပတ်သက်နေမှုကို ထာဝရ အဆုံးသတ် ချုပ်ငြိမ်းစေရမည်ဟု အခိုင်အမာ လက်ခံယုံကြည် သည်ဟု ဆိုသည်။

ထို့အပြင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် အရပ်သားပြည်သူ့အစိုးရ၏ စီမံခန့်ခွဲမှု ကို ချွင်းချက်မရှိ လိုက်နာ၍ ပြည်ပရန် ကာကွယ်ရေးတာဝန်ကိုသာ ထမ်းရွက်သော တိုင်းရင်းသား လူမျိုး ပေါင်းစုံပါဝင်သည့် “ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်” တည်ထောင်သွားမည်ဖြစ်ကြောင်း နွေဦး တော် လှန်ရေး၌ အတူတကွလက်တွဲ တိုက်ပွဲဝင်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများခိုင်မာစွာ ကတိပြုထားသည်။

တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများ အတွင်း သာမက လူထုလူတန်း စား အလွှာ အသီးသီးအပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံအပေါ် ခေတ်အဆက်ဆက် ကျူးလွန်ခဲ့ သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုများ စသည်တို့နှင့် စပ်လျဉ်း၍ အမှန်တရားပေါ်ပေါက်စေရန်၊ တာဝန်ယူမှုတာဝန်ခံမှုရှိစေရန်၊ တရားမျှတမှုရရှိစေရန်၊ ထပ်မံကျူးလွန်ခံရမှုများမရှိစေရန် အသွင်ကူး ပြောင်းရေးကာလ တရား မျှတမှု (Transitional Justice) လုပ်ငန်းစဉ်များကို မဖြစ်မနေ ဦးစားပေး ချမှတ် အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဘုံရည်မှန်းချက်ပန်းတိုင်များအား လက်ခံယုံကြည်သဘောတူပြီး မျှော်ရည်ပိုင်းဖြတ်ထား သော ခေတ်သစ်၊ စနစ်သစ် ပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက် စံတန်ဖိုးများအား လမ်းလွဲစေသည့် မည် သည့် နိုင်ငံရေးအခင်းအကျင်းမျိုးကိုမဆို ပြတ်ပြတ်သားသား ငြင်းပယ်ကာ နိုင်ငံတဝှမ်းတွင် ခေတ် ပြောင်း၊ စနစ်ပြောင်းတော်လှန်ရေးကြီးကို မဆုတ်မနစ်၊ ကြံ့ကြံ့ခံ တွန်းလှန်ဆင်နွှဲလျက်ရှိသော တိုင်းရင်း သားပြည်သူလူထုအပေါင်းနှင့် အတူတကွ လက်တွဲ၍ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်ရေးအတွက် အပြည့်အဝ အာမခံချက်ရှိသော နိုင်ငံရေး လုပ်ငန်းစဉ် များအား အန္တိမရည်မှန်း ချက်ပန်းတိုင် ရောက်သည်အထိ သာတူညီမျှမှုကို ကိုယ်စားပြုသည့် စုပေါင်းခေါင်း ဆောင်မှုနှင့် စုပေါင်း တာဝန်ယူမှုဖြင့် နောက်မဆုတ်စတမ်း၊ မတွေဝေစတမ်း ဆက်လက် ချီတက် တိုက်ပွဲဝင် သွားမည်ဖြစ် ကြောင်း ကတိသစ္စာ ပြုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article