30 C
Yangon

နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ ၁၄ ရွာတွင် မြေပြိုမှု ဖြစ်ပွားပြီး အသက် ၂ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံးကာ ငွေကျပ်သိန်း ၈၀၀ ခန့် ပျက်စီးဆုံးရှုံး

Must read

နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ ၁၄ ရွာတွင် မြေပြိုမှု ဖြစ်ပွားပြီး အသက် ၂ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံးကာ ငွေကျပ်သိန်း ၈၀၀ ခန့် ပျက်စီးဆုံးရှုံး

ရန်ကုန်၊ သြဂုတ် ၁၀

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ ၁၄ ရွာတွင် မြေပြိုမှု ဖြစ်ပွားပြီး အသက် ၂ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံးကာ ငွေကျပ်သိန်း ၈၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

သြဂုတ်လ ၉ ရက်နေ့တွင် နမ့်ခမ်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန်ကန်ရွာ၊ မန်လုံရွာ၊ နမ့်ဟွမ်ရွာ၊ ကောင်းခေရွာ၊ ပန်လောရွာ၊ ပန်ခါးရွာ၊ လွယ်မွန်းရွာ၊ ဆိုင်တောင်ရွာ၊ ဆာလူရွာ၊ မန်အောင်ရွာ၊ ဖာလင်ရွာ၊ ကြူဆိုင်းရွာ၊ ပန်ဟန်ကြီးရွာနှင့် မန်စပ်ရွာ စသည့် ကျေးရွာ ၁၄ ရွာတွင် မြေပြိုမှု ဖြစ်ပွားခဲ့​ပြီး အသက် ၂ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး မြေပိသေဆုံးခဲ့ကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြေပြိုမှုကြောင့် နေအိမ် ၂၆ လုံး၊ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ သီလရှင်ကျောင်း ၁ ကျောင်း မြေပိ ပြိုကျပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာ ၆ ရွာအတွင်းရှိ လမ်းများပြိုကျ ပျက်စီးခဲ့ပြီး ပန်ခါးရွာနှင့် ပန်လောရွာကို ဆက်သွယ်ထားသည့် တံတား ၂ စင်းလည်း ကျိုးကျ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

မြေပြိုမှုကြောင့် အိမ်သုံးပစ္စည်းများ၊ ဆန်၊ ဆိုင်ကယ်နှင့် နေအိမ် အသုံးအဆောင်ပစ္စည်းများ မြေစာပိပြီး ပျက်စီး ဆုံးရှုံးသွားခဲ့ကြောင်း၊ ကျေးရွာ ၁၄ ရွာအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့် ငွေကျပ်သိန်း ၈၀၀ ခန့်နီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article