38 C
Yangon

ဖြူးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာနှင့် အုတ်ဖြတ်တံတားရှိ စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲပြီး စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၅ ဦးသေဆုံး

Must read

ဖြူးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာနှင့် အုတ်ဖြတ်တံတားရှိ စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲပြီး စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၁၀

ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာနှင့် အုတ်ဖြတ်တံတားရှိ စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲပြီး စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၈ ရက်နေ့ နံနက် ၉ နာရီ ၃ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ အုတ်ဖြတ်ရဲစခန်း အနောက်ဘက် တောအုပ်ရှိ အကြမ်းဖက် စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ရိုးမစစ်ကြောင်း ၂ ဒရုန်းအဖွဲ့က ၆၀ မမ ဗုံးသီး ၂ လုံးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ အုတ်ဖြတ်တံတားရှိ အကြမ်းဖက် စစ်တပ်၏ ဂိတ်စခန်းကို KNLA နှင့် ရိုးမ စစ်ကြောင်း ၂ ပူးပေါင်းအဖွဲ့က Sniper ၄၀ မမ၊ လက်နက်ငယ်များဖြင့် တစ်ပြိုင်နက်တည်း ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးကာ ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article