27 C
Yangon

ကလေးမြို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးနှင့် ပျူစောထီး ၇ ဦးသေ၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စက္ကန့်ဘုရားကျောင်း ပျက်စီး

Must read

ကလေးမြို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးနှင့် ပျူစောထီး ၇ ဦးသေ၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စက္ကန့်ဘုရားကျောင်း ပျက်စီး

ရန်ကုန်၊ ဩဂုတ် ၁၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ အကြား ဩဂုတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးနှင့် ပျူစောထီး ၇ ဦး သေဆုံးသွားကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရှိရသည်။

ယနေ့ ဩဂုတ် ၁၁ ရက်နေ့ ကလေးမြို့ မြို့လှရပ်ကွက်နှင့် စက္ကန့်ရွာ အကြား အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေး အဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ် ကောင် စီဘက်မှ ၄ ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးရဲဘော် တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် တိုက်ပွဲဖြစ်ပွားပြီးနောက် ကလေးအနောက်တောင် ဘက်ပိုင်းရှိ အကြမ်းဖက်စစ်သားများမှ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး စက္ကန့်ဘုရားကျောင်းမှာ လက်နက်ကြီးထိမှန် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ကျည်ကာ ၊ ဖုန်း ၊ AK တစ်လက်ကောက်ရတယ် ခွေးတွေဆီက ။ CDF KKG Bo-3 က သိမ်းဆည်းတွေ့ရှိတာ မနက်ပိုင်းက ။ မနေ့က စစ်ကြောင်း ၂ ကြောင်းခွဲလာတာ။ မြို့လှမြို့ရှောင်လမ်းဘက်ကို အင်အား ၃၀ ကျော် ခြေကျင်တစ်ခု ။ အင်တိုင်းကုန်းရွာကိုက စစ်ကြောင်း တစ်ခု” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ပြောဆိုသည်။

ထို့ပြင် ဩဂုတ်လ ၁၀ ရက်နေ့ အင်တိုင်းကုန်းရွာ စစ်ကြောင်းကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ်နှိမ်နင်းရာ သွားရောက်ပစ်ခတ်ရာတွင် တောင်အူရွာမှ ပျူစောထီး ၇ ဦး ထိမှန် သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက် အကျအဆုံးမရှိခဲ့ကြောင်း သိရှိရသည်။

“တောင်အူက ပျူတွေ ၇ ယောက်လောက် သေတယ်။ ။ ပျူ သန်းတိုးအောင်၊ နိုင်မင်းထွန်း နာမည် လောလောဆယ် သိရတာက။ အလောင်းက တစ်ခုပဲ ရသေးတယ်။ သန်းတိုးအောင် အလောင်းက မျက်နှာက ပျက်လို့ မျက်စိတွေက ထွက်ကျလို့တဲ့ ။ ပျူတွေ သေတာက မနေ့က တိုက်ပွဲများ သေကြတာ။ ဒီနေ့ တိုက်ပွဲမှာ ပျူတွေ မသေဘူး” ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဓာတ်ပုံ- ကလေးမြို့တွင် စစ်တပ်ကို ခုခံတိုက်ခိုက်နေသော PDF ကလေး တပ်ဖွဲ့ဝင်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article