33 C
Yangon

ရွှေဘိုမြို့ မုဒ်ပေါက်အနီး၌ သေနတ်ဖြင့် ပစ်ဖောက်စိန်ခေါ်ကာ ထွက်လာသော စစ်သား၊ ရဲများကို မိုင်းဆွဲ တိုက် ခိုက်မှု ရဲ ၃ ဦးသေဆုံး၊ ထားဝယ်မြို့နယ်ရှိ ပကာရီ ရဲစခန်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရွှေဘိုမြို့ မုဒ်ပေါက်အနီး၌ သေနတ်ဖြင့် ပစ်ဖောက်စိန်ခေါ်ကာ ထွက်လာသော စစ်သား၊ ရဲများကို မိုင်းဆွဲ တိုက် ခိုက်မှု ရဲ ၃ ဦးသေဆုံး၊ ထားဝယ်မြို့နယ်ရှိ ပကာရီ ရဲစခန်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၁၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ မုခ်ပေါက်၌ သေနတ်ပစ်ဖောက် စိန်ခေါ်ကာ ထွက်လာသည့် အကြမ်းဖက် စစ် သား၊ ရဲများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးသေဆုံးပြီး စစ်ဗိုလ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Buffalo Soldiers Freedom Force မှ တာဝန်ခံ ဗိုလ်ကျွဲကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ ဩဂုတ်လ ၁၁ ရက် နံနက် ၁၀ နာရီ ၄၈ မိနစ်အချိန်တွင် ရွှေဘိုမြို့၊ မုဒ်ဦး၌ သေနတ်များပစ် ဖောက်ပြီးမိုင်းကွင်းပြင်ဆင်စောင့်ဆိုင်းခဲ့ရာ ညနေ ၄ နာရီ ၅ မိနစ်တွင် ရွှေဘိုမြို့ လေ့ကျင့်ရေး – ၈ တပ်မှ အကြမ်းဖက်စစ်သားများ၊ မြို့မရဲစခန်းမှ ရဲများ၊ ကညနရုံးမှ စစ်သားများပူးပေါင်း အင်အား ၃၅ ဦး ခန့်သည် အိမ်စီးကားလေးစီးဖြင့် ထွက်လာရာ မိုင်းကွင်းပေါ်အရောက် ရှေ့ထွက်မိုင်း ၃ လုံးဖြင့် ဖောက် ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးနေရာမှာပင်သေဆုံးပြီး စစ်ဗိုလ်တစ်ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ သူတို့သေနတ်ပစ်ဖောက်ပြီးမျှားခေါ်တာပေါ့၊ မျှားခေါ်ပြီး ညနေပိုင်းအထိမိုင်းထောင်စောင့်ခဲ့ တာ၊ အိမ်စီးကား ၄ စီးနဲ့ထွက်လာတာ၊ BOC ဆီဆိုင်ရဲ့မြောက်ဘက်မှာ သူတို့က နေရာယူထားတာ၊ အဲ နားလေးမှာပဲ ရှေ့ထွက်မိုင်း ၃ လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာ၊ ခွဲပြီးပြီးချင်းပဲ ရဲ ၃ ဦးကတော့ အပြင်းအ ထန် ဒဏ်ရာရပြီးတော့ ကားပေါ်မှာပဲ သေသွားတယ်လို့ သတင်းရတယ်၊ ဗိုလ်တစ်ဦးကတော့ အရေးပေါ် ဆေးရုံတင်ထားရတယ်လို့ သတင်းရတယ်ဗျ” ဟု Buffalo Soldiers Freedom Force မှ တာဝန်ခံ ဗိုလ်ကျွဲကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို Buffalo Soldiers Freedom Force အဖွဲ့နှင့်အတူ မဟာမိတ်များဖြစ်ကြသော War Lord Defence Force (B-4 C-2 Shwebo)၊ တောကျီးကန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းမင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ SBDF စခန်း-1 တပ်ခွဲ 11 တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်သားများမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာ ရဲစခန်းကို ၄၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။

ယနေ့ ဩဂုတ်လ ၁၁ ရက် နံနက် ၆ နာရီခန့်က အကြမ်းဖက်စစ်သား၊ ရဲများပူးပေါင်းကာ တပ်စွဲထား သည့် ပကာရီရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား၊ ရဲများမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မိန်းမလမ်းမကြီးကိုလည်း ပိတ်ပစ်ခဲ့ ကြောင်း၊ ထားဝယ်မြို့မှ အကြမ်းဖက်စစ်ကား ၂ စီးဖြင့် ရောက်ရှိလာကာ ရဲစခန်းအနီးတဝိုက်ကို နေရာ ယူပေးပြီးနောက် ညနေပိုင်းတွင် ပြန်ဆုတ်သွားကြောင်း သိရသည်။

အဆိုပါရဲစခန်းသည် အချိန်ပြည့်အရက်မူးနေသော အကြမ်းဖက်စစ်သား၊ ရဲများနှင့်ပြည့်နှက်နေပြီး ထား ဝယ်- ထီးခီး ပြေးဆွနေသော ကားသမားများထံမှ ဆက်ကြေးကောက်ခံကာ ပြည်သူလူထုကို နည်းမျိုးစုံ ဒုက္ခပေးလျက်ရှိကြောင်း၊ တိုက်ခိုက်ခံပြီးနောက် ယာဉ်ဖြတ်သန်းသွားလာခွင့်ကို တနေကုန်ဖြတ်သန်းခွင့် မပေးပဲ ပိတ်ထားခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article