28 C
Yangon

တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ကို ထောက်ပို့မည့် တော်လှန်ရတနာနှင့်အတူ အညာထောက်ပို့ကူကမ်ပိန်း ပြည်သူများ ပါဝင်ပေးကြပါရန် တိုက်တွန်း

Must read

တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ကို ထောက်ပို့မည့် တော်လှန်ရတနာနှင့်အတူ အညာထောက်ပို့ကူကမ်ပိန်း ပြည်သူများ ပါဝင်ပေးကြပါရန် တိုက်တွန်း

ရန်ကုန်၊ ဩဂုတ် ၁၂

အညာဒေသမှ တော်လှန်ရေးတပ်ဖွဲ့(၄)ဖွဲ့ကို ထောက်ပို့မည့် တော်လှန်ရတနာနှင့်အတူ အညာထောက်ပို့ကူအစီအစဉ်ကို ခင်နှင်းကြည်သာက ဦးဆောင်စီစဉ်ပြီး OFP Fundriaser များနှင့်အတူ ဇူလိုင်လ (၂၅) ရက်နေ့မှ ဩဂုတ်လ (၃၁) ရက်နေ့အထိ ရတနာလက်မှတ်များ ရောင်းချပေးနေသည့်အတွက် ပြည်သူများပါဝင်ပေးကြရန် တိုက်တွန်းကြောင်း ကမ်ပိန်းစီစဉ်သူများက ပြောကြားသည်။

တော်လှန်ရတနာ ကံစမ်းမဲအစီစဉ်တွင် USD 1500 တန်ဖိုးရှိ ပတ္တမြားလည်ဆွဲ၊ ကျပ်သိန်း (၂၀) တန်ဖိုးရှိ စိန်နားကပ်၊ ကျပ်(၁၀) သိန်း တန်ဖိုးရှိ ပတ္တမြားနှင် စိန် ဆွဲသီး၊ အမေစုပုံ လော့ကတ်နှင့် ကျပ် (၉) သိန်းတန် စိန်လက်စွပ်၊ အမေစုပုံ လော့ကတ်နှင့် ကျပ် (၅) သိန်းခွဲတန်ဖိုးရှိ စိန်လက်စွပ်တို့ကို စက်တင်ဘာလဆန်းတွင် မဲလက်မှတ်ဝယ်ယူသူများအတွက် ကံစမ်းမဲဖောက်ပေးမည်ဖြစ်ပါသည်။

ရရှိလာသမျှ ထောက်ပို့ငွေများအားလုံးကို အညာဒေသမှ ပခုက္ကူခရိုင် တပ်ရင်း ၁၅ (ကျားသစ်နက်တပ်မတော်)၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ (ဓားမဆိုင်း တပ်မတော်)၊ 96 Soilders PDF – အညာဒေသတပ်ခွဲ နှင့် မြင်းခြံခရိုင် တပ်ရင်း(၃) စသည့် မြေပြင်အဖွဲ့ (၄)ဖွဲ့ကို ထောက်ပို့သွားမည်ဖြစ်ကြောင်း သိရပါသည်။

တော်လှန်ရတနာကံစမ်းမဲလက်မှတ်များကို နိုင်ငံအသီးသီးရှိ OFP Fundraiser များထံတွင် အလွယ်တကူ ဝယ်ယူနိုင်ပြီး ပြည်သူများအားလုံးလည်း အညာဒေသသို့ ထောက်ပို့မည့် တော်လှန်ရတနာ ကံစမ်းမဲအစီစဉ်တွင် ပါဝင်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article