28 C
Yangon

ကော်သူလေး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် နှင့် အုပ်ချုပ်ခွင့်ရ ဖက်ဒရယ် ပြည်နယ်ကို ယခုလာမည့် ၄ နှစ် အတွင်း တရားဝင် တည်ဆောက်သွားမည်ဟု KNU က ထုတ်ဖော်ပြောဆို

Must read

ကော်သူလေး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် နှင့် အုပ်ချုပ်ခွင့်ရ ဖက်ဒရယ် ပြည်နယ်ကို ယခုလာမည့် ၄ နှစ် အတွင်း တရားဝင် တည်ဆောက်သွားမည်ဟု KNU က ထုတ်ဖော်ပြောဆို

ရန်ကုန်၊ ဩဂုတ် ၁၂

ကော်သူလေး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် အုပ်ချုပ်ခွင့်ရ ဖက်ဒရယ် ပြည်နယ် ကို ယခု လာမည့် ၄ နှစ်အတွင်း တရားဝင် တည် ဆောက် သွားမည်ဟု ကရင် အမျိုး သားအစည်းအရုံး KNU၏ ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီး က ထုတ် ဖော်ပြောဆိုလိုက်သည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့်တွေ့ဆုံစဉ် ၎င်းကအထက်ပါ အတိုင်း ပြောလိုက်ခြင်းဖြစ်သည်။

မကြာသေးမီက ဖွဲ့စည်းလိုက်သည့် KNU ခေါင်းဆောင်ပိုင်းနှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့က ကော်သူလေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ ရှိသည့် ဖက်ဒရယ် ပြည်နယ်ကို လာမည့် ၄ နှစ်အတွင်း အောက် ခြေမှ တစ်ဆင့် တည်ဆောက်သွားရန် သဘောတူညီထားကြောင်း ၎င်းက ပြောဆို သည်။

အကြမ်းဖက်စစ်တပ်က ၎င်းတို့သဘောတူညီထားသည့် NCA စာချုပ်ပါ ပြဋ္ဌာန်းချက်များကို ၎င်းတို့ကိုယ်တိုင် ချိုးဖောက် စစ်အာဏာသိမ်းလိုက်ပြီဖြစ်၍ ဖက်ဒရယ် ပြည်ထောင်စု နှင့် ကော်သူလေး ဖက်ဒရယ် ယူနစ် တည်ဆောက် ရေး KNU က မိမိကိုယ်တိုင် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင် ရာတွင်လည်း အောက်ခြေမှ စတင်သည့် Bottom Up ပုံစံဖြင့် တည်ဆောက် မည်ဖြစ်ကြောင်း ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဒီလာမယ့် ၄ နှစ်တာကာလအတွင်းမှာ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို တည် ဆောက်သွားမယ်ဆိုတာ ကျနော်တို့ ထပ်ခါ ထပ်ခါပြောပြီးသွားပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့အချိန်ကာလအတွင်းမှာ ဖက်ဒရယ် ဒီမိုကရေစီကို ဘယ်လိုနည်းနဲ့ ရယူသွားမလဲဆိုတော့ ဆွေးနွေးတိုင်ပင်ကြတဲ့အခါမှာ အစိုးရရော တိုင်းပြည် မှာရှိတဲ့ စစ်တပ်ရော ထိတွေ့ခဲ့တာ။ ဒါပေမယ့် အထူးသဖြင့်တော့ စစ်တပ် ဘက်က သူကိုယ်တိုင် သဘောတူပြီးတော့ လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်ကို ကဖျက်ယဖျက်လုပ်ပြီးတော့ လုံး၀ ချိုးဖောက်ပြီးတော့ စစ်အာဏာသိမ်းတာနဲ့ အဆုံးသတ်သွားတဲ့အခါမှာ ဘယ်တော့မှ ဒီလူတွေနဲ့ ဆွေးနွေးတိုင်ပင်လို့ ဘာမှ ဖြစ်တော့မှာ မဟုတ် တော့ဘူး။ ကျနော်တို့ ဒီအခါမှာ အသွင်သဏ္ဍန် တစ်နည်း နည်းနဲ့ အထူးဖြင့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ပြီဆိုရင် ပြည်နယ် တွေက ပေါင်းစုလာရမယ်ဆိုတာက အဓိက အခြေခံအချက်ပဲ။ အဲဒါကြောင့် ဒီဟာကို သူတို့နဲ့ ညှိနှိုင်းပြီးတော့ ရယူမယ့်ဟာထက် ကိုယ်ကိုယ်တိုင်ကပဲ လက်ဦးမှုရယူပြီးတော့ ပြည်နယ်ကို ဘယ်လို တည်ဆောက်မလဲ။ စိတ်ကြိုက် ပုံစံဖြစ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အ၀ရှိတဲ့ ပြည်နယ်ကို ပြည်ထောင်စု အတွင်းမှာ ဘယ်လို တည်ဆောက်သွားမလဲဆိုတာကို ကိုယ်တိုင်ကပဲ စပြီး တော့ Bottom Up ပုံစံနဲ့ အောက်ခြေကနေတက်လာပြီးတော့ အောက်ခြေရဲ့ အသံကို ပထမဦးဆုံး အရင်ဆုံးလုပ်ပြီးတော့ ဒါကလည်း ဖက်ဒရယ်စနစ်ရဲ့ အဓိက သော့ချက်ပဲ” ဟု ၎င်း က ရှင်းပြသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အုပ်ခွင့်အပြည့်ရှိသော ကော်သူလေး ဖက်ဒရယ် ပြည်နယ် တွင် လက်ရှိ KNU ခရိုင် ၇ ခုကို အခြေပြုမည်ဖြစ်ပြီး အောက်ခြတွင် ဆွေးနွေး ပွဲများနှင့် ညှိနှိုင်းဆွေးမှုများ ထပ်ခါ ထပ်ခါ ပြုလုပ်သွားမည် ဖြစ် ကြောင်း သိရှိရသည်။

“ကျနော်တို့ ဘယ်နယ်မြေကို အခြေခံသလဲဆိုတော့ ရှိရင်းစွဲ ဖြစ်တဲ့ KNU ရဲ့ ခရိုင် ၇ ခုအခြေပြုတာအပြင် ဒီခရိုင် ထဲတင်မကဘဲ ဒီခရိုင် ၇ ခုနဲ့ ထိတွေ့ ဆက်စပ်နေတဲ့ နယ်မြေ လူမျိုးပေါင်းစုံ ကရင်ပါမယ်၊ ဗမာပါမယ်။ မွန်လူမျိုးပါ မယ်။ ပအို့ပါမယ်။ ရှမ်းလူမျိုးပါမယ်။ အဲဒါတွေအားလုံးကို အထပ်ထပ်အခါခါ ကျနော်ပြောတဲ့ အောက်ခြေကနေပြီးတော့ ဆွေးနွေး တိုင်ပင်မှုတွေ ဆက်လုပ် သွားမယ်။ ဒီနည်းအားဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားမယ်။ အထူးသဖြင့် ကော်သူလေးယူနစ်အားဖြင့် တည်ဆောက်သွားမယ်” ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ရှင်းလင်းပြောဆိုသည်။

ကော်သူလေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဖက်ဒရယ် ပြည်နယ်တည်ဆောက်နေချိန် အခြားသော ဖက်ဒရယ် ပြည်နယ်များ တည်ဆောက်မှုကိုလည်း KNU က အား ပေး ကူညီသွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article