35 C
Yangon

အမေရိကန်တစ်ဒေါ်လာ ၃၇၀၀ ကျော်လာပြီး ရွှေစျေးမှာ တစ်ကျပ်သား ၃၈ သိန်းကျပ် နီးပါးရှိလာ၊ ထိုင်းတစ်ဘတ်လျှင် မြန်မာငွေ ၁၀၃ ကျပ်အထိ စျေး တက်လာ

Must read

အမေရိကန်တစ်ဒေါ်လာ ၃၇၀၀ ကျော်လာပြီး ရွှေစျေးမှာ တစ်ကျပ်သား ၃၈ သိန်းကျပ် နီးပါးရှိလာ၊ ထိုင်းတစ်ဘတ်လျှင် မြန်မာငွေ ၁၀၃ ကျပ်အထိ စျေး တက်လာ

ရန်ကုန်၊ ဩဂုတ် ၁၅

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၃၇၀၀ ကျပ်ကျော် လာပြီး အခေါက်ရွှေစျေးမှာမူ တစ်ကျပ်သားလျှင် ၃၇ သိန်း ၇ သောင်းကျော် (၃၈ သိန်း နီးပါး) သို့ မြင့်တက်လာနေကြောင်း ရန်ကုန်ရှိ ရွှေကုန်သည်နှင့်‌ဒေါ်လာ ဝယ်ရောင်းများထံမှ သိရှိရသည်။

စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာတန်ဖိုးတက်နေခြင်းမှာ စျေးကစားသူများ ကြောင့်ဖြစ်ပြီး အရေးယူမည်ဟု ဩဂုတ်လ ၁၂ ရက်နေ့တွင် တရားဝင် ထုတ် ပြန် ပြီးနောက် ဒေါ်လာတန်ဖိုးမှာ ကျဆင်းခြင်းမရှိတော့ဘဲ ဆက်လက် မြင့်တက် လာနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခုက စစ်တပ်ရဲ့ ဗဟိုဘဏ်က ကြေညာချက်တစ်ခုထုတ်လိုက် ဒေါ်လာစျေး က ပြေးတက်လိုက်၊ တစ်ခါ ဒေါ်လာစျေးတက်လို့ အရေးယူမယ်ဆိုပြီး ဗဟိုဘဏ်က ထပြောလိုက် ဒီဘက်စျေးကွက်မှာ ဒေါ်လာစျေးက ထပ်တက် လိုက်ဖြစ်နေတယ်။ သူ့ဟာသူထားရင်တောင် ငြိမ်နေမယ့်သဘောမှာ ဗဟိုဘဏ် က ဘာလုပ်မယ် ညာလုပ်မယ်ဆို ဒေါ်လာ တန်ဖိုးက တောက်လျှောက် တက်တော့တာပဲ။ ကမ္ဘာ့ငွေကြေးစျေးကွက်မှာလည်း ဒေါ်လာတန်ဖိုးက မာနေပါ တယ်။ အဲဒီဂယက်လည်း ပါတယ်။ မြန်မာမှာတော့ အကြောင်းအရာ တွေက အများကြီးပဲ။ ခင်ဗျားတို့ သိပြီသားပဲ။ UOB ဘဏ်က ဘဏ်အကောင့် တွေ ပိတ်တာ၊ နှစ်သောင်းတန်ကိစ္စ၊ ပို့ကုန်တွေ နည်းလာတာ၊ စီးပွားရေးတွေ ကျလာ တာ အကြောင်းအရာပေါင်းစုံကြောင့် ဒေါ်လာတန်ဖိုးတက်နေတာ။ အကြောင်းအရာတစ်ခုတည်းကို ပြောလို့မရဘူး။ အဲဒီအထဲမှာ နိုင်ငံရေးလည်း အဓိကပါနေတယ်” ဟု ရန်ကုန်စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီထံတွင် ပြည်ပဒေါ်လာငွေ အရင်းအမြစ် နည်းပါးလာနေသည်မှာလည်း အမှန်အကန်ဖြစ်ပြီး အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများကလည်း နိုင်ငံခြားငွေ စီးဆင်းမှုကို ရပ်တန့်လုနီးပါး ဖြစ်လာစေသဖြင့် ရိုက်ခတ်မှု ကြီးမားစွာ မြန်မာ့စီးပွားရေးကို ထိခိုက်စေကြောင်း ၎င်းက ဆိုသည်။

ရွှေစျေးကွက်တွင် ကမ္ဘာ့ရွှေစျေးမှာ ကျဆင်းလျက်ရှိသော်လည်း မြန်မာ့ရွှေစျေးကွက်မှာ ဒေါ်လာတန်ဖိုးမြင့်တက်နေခြင်းကြောင့် ပြည်တွင်းရွှေစျေးမကျဆင်းဘဲ အခေါက်ရွှေတစ်ကျပ်သား ၃၈ သိန်းနီးပါး ရောက်ရှိလာကြောင်း သိရှိရသည်။

“ကမ္ဘာ့စျေးက ရွှေတစ်အောင်စကို ၁၉၀၇ ဒေါ်လာရှိတယ်။ မြန်မာ့ရွှေစျေးကတော့ မီးလင်းရွှေက တစ်ကျပ်သားကို ၃၇ သိန်း ၇ သောင်းကျော်နေပြီ။ ဝယ်လိုအားကတော့ ထိုးတက်နေတုန်းပဲ” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ရှင်းပြသည်။

ပြည်တွင်းငွေလဲစျေးကွက်တွင် ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၀၃ ဘတ်ရှိလာပြီး မြန်မာကျပ်ငွေ သိန်းထောင်သောင်းချီ ထိုင်းဘက်သို့ ဟွန်ဒီငွေလွှဲ ပြောင်းလဲ၍ ထိုင်းဘဏ်အကောင့်များသို့ ရွှေ့ပြောင်းမှုများရှိနေသည်ဟု သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article