38 C
Yangon

မုံရွာမြို့နယ်၊ ကြာပိုင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး

Must read

မုံရွာမြို့နယ်၊ ကြာပိုင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြာပိုင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၃ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့နယ်၊ တောပုရွာရှိ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက ကြာပိုင် ကျေးရွာကို ၆၀မမ လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကြာပိုင်ကျေးရွာမှ အမျိုးသား ၃ ဦးနှင့် အမျိုး သမီး ၃ ဦး လက်နက်ကြီး ကျည်စထိမှန်ခဲ့ပြီး အသက် ၄၅ နှစ်အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးနဲ့ ပျူစောထီးတွေ လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၆ ဦးထိခိုက် ဒဏ်ရာရတယ်။ အဲ့ထဲက ၂ ဦးသေဆုံးသွားတယ်။ သေဆုံးသူက အသက် ၄၅ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးပါ။ နွားနှစ်ကောင်လည်း သေဆုံးတယ်” မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article