30 C
Yangon

အမေရိကန်က MFTB နှင့် MICB ဘဏ်တို့ကို စီးပွား ရေးပိတ်ဆို့ လိုက်ပြီး နောက် နိုင်ငံတကာနှင့် ကုန်သွယ်ရန် ကြားခံ နိုင်ငံခြားငွေကြေးနှင့် နိုင်ငံတကာ ဘဏ် များကို စစ်ကောင်စီ က အပူတပြင်း ရှာဖွေနေရ

Must read

အမေရိကန်က MFTB နှင့် MICB ဘဏ်တို့ကို စီးပွား ရေးပိတ်ဆို့ လိုက်ပြီး နောက် နိုင်ငံတကာနှင့် ကုန်သွယ်ရန် ကြားခံ နိုင်ငံခြားငွေကြေးနှင့် နိုင်ငံတကာ ဘဏ် များကို စစ်ကောင်စီ က အပူတပြင်း ရှာဖွေနေရ

ရန်ကုန်၊ ဩဂုတ် ၁၉

အမေရိကန်အစိုးရက မြန်မာစစ်တပ် လက်အောက်ခံ မြန်မာ့နိုင်ငံခြား ကုန် သွယ် မှုဘဏ်-MFTB နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဘဏ် -MICB ဘဏ်တို့ကို စီးပွားရေးပိတ်ဆို့လိုက်ပြီးနောက် စစ်ကောင်စီက နိုင်ငံ တကာ နှင့်ကုန်သွယ် မရတော့သဖြင့်ကြားခံ နိုင်ငံခြားငွေကြေးနှင့် နိုင်ငံတ ကာ ဘဏ်များကို အပူတပြင်း ရှာဖွေနေရကြောင်း ရန်ကုန်မှ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင် များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မြန်မာနိုင်ငံမှ ပို့ကုန်/သွင်းကုန် လုပ်ငန်းများအားလုံးသည် စစ်ကောင်စီက ထိန်းချုပ်ထားသော MFTB နှင့် MICB ဘဏ်မှ တစ်ဆင့် နိုင်ငံခြားငွေ ဘဏ် စာရင်း ဖွင့်လှစ်ပြီး ငွေလွှဲခြင်း၊ ငွေလက်ခံခြင်း၊ ကုန်သွယ်ခြင်း၊ သွင်းကုန်များ တင်သွင်းခြင်း၊ ပို့ကုန်များ တင်ပို့ခြင်းများ လုပ်ဆောင်ရကြောင်း၊ သို့ရာတွင် ယခုအခါတွင်မူ MFTB နှင့် MICB တို့ကို အမေရိကန်က စီးပွားရေး ပိတ်ဆို့ ကြောင်း ကြေညာပြီးနောက်ပိုင်း နိုင်ငံတကာနှင့်ကုန်သွယ်ရေး လုပ်ငန်းရန် ခက်ခဲသွားကြောင်း ၊ အထူးသဖြင့် MFTB နှင့် MICB တို့ရှိ ငွေစာရင်းများသို့ နိုင်ငံတကာမှ ငွေလွှဲပြောင်းခြင်း၊ နိုင်ငံတကာသို့ ငွေလွှဲပေးပို့ခြင်းများ လုပ် ဆောင် မရတော့ကြောင်း သိရှိရသည်။

“စင်ကာပူဘက်ကလည်း မြန်မာစီးပွားရေးလုပ်ငန်းတွေရဲ့ ဘဏ်အကောင့် တွေကို ပိတ်လာတယ်။ နောက်တစ်ခါ MFTB နဲ့ MICB တို့ကို ပိတ်ပင်လာတယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း MFTB နဲ့ MICB ဘဏ်စာရင်းတွေကို Freeze လုပ်လိုက် တယ်။ အခု ကုန်သွယ်ဖို့က အတော်ကို ခက်ခက်ခဲခဲ ဖြစ်ကုန်ကြ တယ်။ ထိုင်းဘတ်ကိုတော့ ကြားခံ ငွေကြေး နိုင်ငံတကာပေးချေမှုလုပ်ဖို့ ကြေညာတာတွေ ရှိတယ်။ ဒါပေမယ့် ဘယ်နိုင်ငံတကာဘဏ်ကို သုံးကြမလဲ။ ဘယ်နိုင်ငံတကာဘဏ်က တရားဝင် ငွေစာရင်းဖွင့်ခွင့်ရမလဲ ။ အဲဒါက အဓိက အချက်ပဲ” ဟု မြန်မာနိုင်ငံ ကုန်သည် ကြီးများနှင့်စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ်UMFCCI အသင်းဝင် စီးပွားရေးသမားတစ်ဦးကဆိုသည်။

လက်ရှိတွင် မြန်မာစီးပွားရေးသမားများက ထိုင်းနိုင်ငံ၊ အခြားပြည်ပနိုင်ငံများ ဖွင့်လှစ်ထားသော ပုဂ္ဂလိကဆိုင်ရာ ငွေစာရင်းများအသုံးပြု၍ ငွေကြေး ပေးချေ မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ဩဂုတ်လ ၁၄ ရက်နေ့ နိုင်ငံတကာ ငွေပေးချေ မှုနှင့် စာရင်းရှင်းလင်းမှု ပိုမိုလွယ်ကူ အဆင်ပြေစေရေးကို ရည်ရွယ် ၍ နိုင်ငံ ခြားသုံးငွေများ ရောင်းဝယ် ဖောက်ကား သည့် လုပ်ငန်း လိုင်စင်ရ ဘဏ် များတွင် ထိုင်းဘတ်ကို နိုင်ငံတကာ ငွေပေးချေမှုနှင့် စာရင်းရှင်း လင်း မှုများ ဆောင်ရွက်ခွင့်ပြုလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် စစ်ကောင်စီ၏ ဗဟိုဘဏ်က နေပြည်တော်တွင် ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ပြည်ပငွေပေးချေမှုဆိုင်ရာ ကိစ္စရပ် များကို ရှင်းလင်း ဆွေးနွေး မည်ဖြစ်၍ ကုန်သည်များနှင့် စီးပွားရေးသမားများ တက်ရောက်ကြရန် စစ် ကောင်စီ က ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article