37 C
Yangon

လားရှိုးနှင့်ကွက်ခိုင်တွင် တစ်နေ့တည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး တစ်လ နီးပါး ကာလ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံး

Must read

လားရှိုးနှင့်ကွက်ခိုင်တွင် တစ်နေ့တည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး တစ်လ နီးပါး ကာလ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်နှင့် ကွက်ခိုင်မြို့နယ်တွင် တစ်နေ့ တည်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ခဲ့ကြောင်း TNLA တအာင်းတပ်မတော် သတင်း နှင့်ပြန်ကြား ရေး ဌာနထံ မှ သိရသည်။

ဩဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က တအာင်းတပ်မတော် တပ်မဟာ ၄ စစ်ဒေသ၊ လားရှိုးမြို့ နယ် တွင် တအာင်းတပ်မတော် TNLA ရှိရာ သိန္နီသို့ ကား ၂ စီးဖြင့် ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ၁၄ မိုင် အရောက် တအာင်းတပ်မတော် TNLA က တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွား ခဲ့ ကြောင်း သိရှိရသည်။

ထို့ပြင် ကွတ်ခိုင်မြို့နယ်၊ မန်ပန်ကျေးရွာရှိ တအာင်းတပ်မတော် ရှိရာသို့ ထိုးစစ်ဆင်လာသည့် အ ကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ စကခ – ၁၆ ၊ ခလရ -၂၄၂ တပ်နှင့် တအာင်းတပ်မတော် တပ်မဟာ ၅ တပ်ရင်း – ၂၂၃ တို့အ ကြား မန်ပန်အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် တအာင်းတပ်မတော် တပ်မဟာ ၅ စစ်ဒသ၊ ကွတ်ခိုင်မြို့နယ်တွင် ကွတ်ခိုင်မြို့မှ နမ့်ဖက် ကာသို့ ကား ၂၁ စီးဖြင့် ပစ္စည်းများတင်ဆောင်လာသည့် အကြမ်းဖက်စစ်ကောင် စီတပ် ယာဉ်တန်းကို တအာင်းတပ်မတော် တပ်မဟာ ၅ တပ်ရင်း – ၃၃၅ နှင့် ၇၇၇ တို့က ထိပ်တိုက်ရင်ဆိုင်ပွဲဆင်နွှဲခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့မှ ဩဂုတ်လ ၂၀ ရက်နေ့အထိ တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ် ကောင်စီတပ်အကြား စုစုပေါင်း တိုက်ပွဲ ၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၂၅ ဦး သေဆုံးခဲ့ကြောင်း၊ စစ်သုံ့ ပန်းနှင့် လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန် ကြား ရေးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article