32 C
Yangon

ညောင်လေးပင်ခရိုင်တွင် စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ပြည် သူ ၂ ဦးဒဏ်ရာ ရပြီး ကျေးရွာ ၁၁ ရွာမှ ပြည်သူများ စစ်ဘေးရှောင်နေရ

Must read

ညောင်လေးပင်ခရိုင်တွင် စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ပြည် သူ ၂ ဦးဒဏ်ရာ ရပြီး ကျေးရွာ ၁၁ ရွာမှ ပြည်သူများ စစ်ဘေးရှောင်နေရ

ရန်ကုန်၊ ဩဂုတ် ၂၁

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူး(မုန်း)မြို့နယ်အတွင်း၌ အကြမ်းဖက် စစ်တပ် က ဒရုန်း၊ လက်နက်ကြီး ဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရရှိပြီး ကျေးရွာ ၁၁ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေ ရ ကြောင်း KNU ဗဟိုက တရားဝင် ထုတ် ပြန်သည်။

ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၈ နာရီ ၃ မိနစ်အချိန် ကေအဲန်ယူ−ကရင် အမျိုးသား အစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင် တပ်မဟာ (၃)၊ မူး(မုန်း)မြို့နယ်၊ တောကျွဲအင်း ကျေးရွာ၌ အထိုင်ချထားသော အကြမ်းဖက် စစ်ကောင်စီတပ်၏ ခမရ-၃ တပ်က သစ်ဖြူဆိတ် ကျေး ရွာအတွင်းသို့ Drone ဖြင့် ဗုံးသီးကျဲချခဲ့ရာ ကိုမင်းစိုး၏ အိမ်ခေါင်မိုးပေါ် ကျရောက်ပေါက်ကွဲပြီး အမိုး ပွင့်ထွက် ပျက်စီးခဲ့ရကြောင်း သိရသည်။

ယင်းနေ့ ညနေ ၃ နာရီ အချိန်တွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ တပ်၏ ခမရ-၄၃၉ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ကျေးရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ၂ လုံးပစ်ခတ်ခဲ့ရာ လက် တက်ကြီး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၄၂ နှစ်အရွယ် မအေးဝင်းနှင့် အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ညိုတို့ ထိခိုက် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

ထိုသို့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီးများ၊ Drone များ ဖြင့် ပစ်ခတ်မှုကြောင့် ဩဂုတ်လ ၂၀ ရက်နေ့တွင် နောင်ဘိုကျေးရွာ၊ လက်တက်ကြီးကျေးရွာ၊ ငတိုးခင် ကျေးရွာ၊ ခင်နောက်မီးကျေးရွာ၊ ရေပြာကျေးရွာ၊ ကျွန်းကုန်းကျေးရွာ၊ သစ်ဖြူဆိတ် ကျေးရွာ၊ ဇလုပ်ကြီး ကျေးရွာ၊ လှေဒိုးကျေးရွာ၊ သနပ်ကွင်းကျေးရွာ၊ ညောင်ခြေထောက်ကျေးရွာ စသည့်ကျေးရွာပေါင်း စုစု ပေါင်း ၁၁ ရွာမှ ပြည်သူအများအပြား စစ်တောင်းမြစ်အရှေ့ဘက်ကမ်းသို့ ထွက်ပြေး တိမ်းရှောင်နေရ ကြောင်း KNU ဗဟိုက ထုတ်ပြန်ချက်အရ သိရသည်။

ဩဂုတ်လ ၂၀ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ် တောင်ပိုင်းတိုင်းမှူး အမိန့်အရ လျှပ်စစ် မီး ပေးထားသော ရွာအားလုံးကို မီးဖြတ်တောက်ခိုင်းပြီး လိုအပ်လျှင်မြို့ပေါ်အထိ မီးဖြတ်တောက်ရန် အမိန့်ထုတ်ထားခဲ့သည့် အပြင် ကညွတ်ကွင်းမြို့အဝင်အထွက်အပေါက် အားလုံးကိုလည်း လုံခြုံရေးချ ထား ကြောင်း သိရသည်။

Photo − အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မ၏ လက်နက်ကြီးများ Droneများဖြင့် ပစ်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးမှုများနှင့် စစ်ဘေးရှောင် ပြည်သူ များ။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မ၏ လက်နက်ကြီးများ Droneများဖြင့် ပစ်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးမှုများနှင့် စစ်ဘေးရှောင် ပြည်သူ များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article