30 C
Yangon

ရွှေစျေးနှင့်ဒေါ်လာစျေးနှုန်း ကျဆင်းရေး တိုက်ပွဲဝင်မည့် Task Force ဖွဲ့စည်း ပြီး စသုံးလုံးက ဦးဆောင်မည်ဟု အကြမ်းဖက်စစ်ကောင်စီက သွေးရူး သွေး တန်း ဆိုပြန်

Must read

ရွှေစျေးနှင့်ဒေါ်လာစျေးနှုန်း ကျဆင်းရေး တိုက်ပွဲဝင်မည့် Task Force ဖွဲ့စည်း ပြီး စသုံးလုံးက ဦးဆောင်မည်ဟု အကြမ်းဖက်စစ်ကောင်စီက သွေးရူး သွေး တန်း ဆိုပြန်

ရန်ကုန်၊ ဩဂုတ် ၂၁

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ရွှေစျေးနှင့်ဒေါ်လာစျေးနှုန်း ကျဆင်းရေး တိုက်ပွဲဝင်မည့် Task Force ဖွဲ့စည်းပြီး အထူးစုံစမ်းစစ်ရေးဦးစီးဌာန(စသုံးလုံး) က ဦးဆောင်မည်ဟု အကြမ်းဖက်စစ်ကောင်စီ၏ ကုန်စည်စီးဆင်းမှု ဗဟို ကော်မတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နိုင်စိုးက သွေးရူးသွေးတန်း ပြောဆိုလိုက်သည်။

နေပြည်တော်တွင် ဩဂုတ်လ ၁၉ ရက်နေ့ ကျင်းပသည့် စီးပွားရေးလုပ်ငန်းရှင် များ နှင့် စစ်ကောင်စီဗဟိုဘဏ်တို့ တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါ အတိုင်း ပြော ဆိုခြင်းဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်က ရရှိထားသော အစည်းအဝေး မှတ်တမ်းအရ သိရှိရသည်။

လက်ရှိတွင် ပြည်တွင်းစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၀၀၀ ကျပ်ဝန်းကျင်အထိဖြစ်ပေါ်လာပြီး ရွှေစျေးနှုန်းများ မြင့်တက်လာမှုသည် အခြေအမြစ်မရှိဘဲ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ထိရောက်စွာ ကိုင်တွယ်နိုင်ရေး Task Force ဖွဲ့စည်းလိုက်ပြီး စသုံးလုံးက ဦးဆောင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်တွင်းတွင် ဒေါ်လာစျေးကိစ္စ မစိုးရိမ်ကြရန်နှင့် အချိန်တန်လျှင် ပြန်လည် ကျဆင်းသွားမည်ဖြစ်ကြောင်း၊ ဒေါ်လာစျေးသည် တက်စရာ အကြောင်းမရှိဘဲ တက်နေခြင်းဖြစ်ကြောင်း၊ ရွှေစျေးနှုန်းသည်လည်း ထိုနည်းအတူပင်ဖြစ် ကြောင်း၊ စစ်ကောင်စီက Task Force ဖွဲ့စည်းလိုက်ပြီး စသုံးလုံးက ဦးဆောင် မည် ဖြစ်ကြောင်း ဗိုလ်ချုပ်ရန်နိုင်စိုးက ဆိုသည်။

ဗိုလ်ချုပ်ရန်နောင်စိုးက ဒေါ်လာ စျေးတက်နေရသည့် အကြောင်းအရင်း များဖြစ်သည့် MFTB နှင့် MICB တို့ကို အမေရိကန်စီးပွားရေးပိတ်ဆို့လိုက်မှု၊ စင်ကာပူ UOB ဘဏ်က မြန်မာစီးပွားရေးသမားများနှင့် စစ်ကောင်စီ၏ ဘဏ်ငွေစာရင်းများကို ပိတ်ပင်လိုက်မှု၊ နှစ်သောင်းတန်များ လစာ စတင်ပေး တော့မည့် အခြေအနေ၊ ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်တပ်ပိုင် ဘဏ်နှစ်ခု၏ ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းတို့ကို ထိန်းချုပ်လိုက်မှု စသည့် အကြောင်း အရင်းများကို မသိကျိုးကျွံ့ပြုပြီး ဒေါ်လာစျေးသည် အခြေအမြစ်မရှိဘဲ တက် နေသည်ဟု မျက်စိပိတ်နားပိတ် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေး သမားများက ဝေဖန်ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article