30 C
Yangon

မြန်မာစစ်တပ်လက်အောက်ခံ MFTB နှင့် MICB ဘဏ်တို့၏ ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက ထိန်းချုပ်လိုက်မှု ငြိမ်မခံဘဲ ထိပ် တိုက် ရင်ဆိုင် မည်ဟု စစ်ကောင်စီ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါသတကြီး တုံ့ပြန်

Must read

မြန်မာစစ်တပ်လက်အောက်ခံ MFTB နှင့် MICB ဘဏ်တို့၏ ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက ထိန်းချုပ်လိုက်မှု ငြိမ်မခံဘဲ ထိပ် တိုက် ရင်ဆိုင် မည်ဟု စစ်ကောင်စီ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါသတကြီး တုံ့ပြန်

ရန်ကုန်၊ ဩဂုတ် ၂၁

ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာစစ်တပ်လက်အောက်ခံ MFTB နှင့် MICB ဘဏ်တို့၏ ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းကို ထိန်းချုပ်ထားမှု ငြိမ်မခံဘဲ ထိပ် တိုက် ရင်ဆိုင်မည်ဟု စစ်ကောင်စီဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဒေါသတကြီး တုံ့ပြန်ပြောဆိုလိုက်သည်။

နေပြည်တော်တွင် ဩဂုတ်လ ၁၉ ရက်နေ့ ကျင်းပသော စီးပွားရေးလုပ်ငန်းရှင် များ နှင့် စစ်ကောင်စီဗဟိုဘဏ်တာဝန်ရှိသူများတွေ့ ဆုံပွဲ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်က ရရှိထားသော အစည်း အဝေး မှတ်တမ်းအရ သိရှိရသည်။

“ပိတ်ပင်လိုက်တဲ့ ဘင်္ဂလားဒေ့ရှ်က ဘဏ်စာရင်းတွေနဲ့ပတ်သက်ပြီး ငြိမ်ခံနေမှာ မဟုတ်ဘဲ ဘဏ်အချင်းချင်း ထိပ်တိုက် ဖြေရှင်းသွားပါမယ်” ဟု ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အမေရိကန်သံရုံး၏ အကြောင်းကြားမှုကြောင့် ဘင်္ဂလား ဒေ့ရှ် အစိုးရပိုင် Sonali ဘဏ်က မြန်မာစစ်တပ်လက်အောက်ခံ MFTB နှင့် MICB ဘဏ်တို့၏ ငွေစာရင်းများကို ပိတ်ပင်လိုက်ပြီး ပိတ်ပင်လိုက်သော ငွေစာ ရင်းများတွင် ဒေါ်လာ ၁ ဒသမ ၁ သန်း ရှိနေကြောင်း သိရှိရသည်။

အမေရိကန်အစိုးရက မြန်မာစစ်တပ် လက်အောက်ခံ မြန်မာ့နိုင်ငံခြား ကုန်သွယ် မှု ဘဏ် MFTB နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေး ဘဏ် MICB တို့ကို စီးပွားရေးပိတ်ဆို့ခဲ့ပြီးနောက် ယင်းဘဏ် ၂ ခုနှင့် ဆက်စပ် နေသော နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ၊ ဘဏ်ကို အရေးယူမည်ဟု တရားဝင် ကြေညာခဲ့သည်။

ယင်းနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိ အမေရိကန်သံရုံးက ဘင်္ဂလား ဒေ့ရှ် အစိုးရထံသို့ အမေရိကန်၏ မြန်မာစစ်တပ်အပေါ် စီးပွားရေးပိတ်ဆို့မှုနှင့် ပတ်သက်၍ လိုက်နာရန် မေတ္တာရပ်ခံလာကြောင်း၊ ထိုမေတ္တာရပ်ခံချက်အရ ဘင်္ဂလားဒေ့ရှ်အစိုးရပိုင် Sonaliဘဏ်တွင် ငွေစာရင်းဖွင့်လှစ်ထားသော MFTB နှင့် MICB ဘဏ်တို့၏ ငွေစာရင်းများကို ထိန်းချုပ်လိုက်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် အစိုးရက ပိတ်ပင်လိုက်သောMFTB နှင့် MICB ဘဏ်စာရင်းတွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ သန်းရှိနေကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရပိုင် Sonali Bank ၏ အမှုဆောင်အရာရှိချုပ်နှင့် မန်နေ ဂျင်း ဒါရိုက်တာ Md. Afzal Karim က မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်MFTB နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်MICB တို့၏ ငွေစာရင်းများကို အရေးယူထားပြီးဖြစ်ကြောင်း ပြောကြားဆိုသည်။

“အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် MFTB နဲ့ MICB ဘဏ်နှစ်ခုရဲ့ အကောင့် တွေကို ကျွန်တော်တို့ ပိတ်ပင်ထိန်းချုပ်လိုက်ပါပြီ ” ဟု Karim ကပြောဆိုသည်။

မြန်မာဘဏ်နှစ်ခုသည် Sonali ဘဏ်တွင် စုစုပေါင်းအပ်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ သန်းရှိကြောင်း၊ ယင်းငွေများကို လွှဲပြောင်းခွင့်မပြုဘဲ ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း Karim က ထပ်လောင်းအတည်ပြုသည်။

Sonali Bank ၏ အကောင့်များကို ပိတ်လိုက်ပြီးနောက်တွင် မြန်မာ စစ်တပ် က ဘင်္ဂလားဒေ့ရှ်အစိုးရကို ငွေစာရင်း အကောင့်များ ပြန်ဖွင့်ရန် တောင်း ဆို သော် လည်း ဘင်္ဂလားဒေ့ရှ်က စီးပွားရေးပိတ်ဆို့မှု မရုပ်သိမ်းလျှင် မဖွင့်ပေး နိုင် ဟု ပြန်လည်ပြောဆိုကြောင်း သိရှိရသည်။

“အကောင့်ဖွင့်ဖို့ မြန်မာဘက်က တောင်းဆိုထားတယ်။ ဒါပေမယ့် စီးပွားရေး ပိတ် ဆို့ အရေးယူမှု မရုပ်သိမ်းမချင်း ဖွင့်ဖို့ မဖြစ်နိုင်ပါဘူး” ဟု Karim က ပြောကြား ခဲ့သည်။

MFTB နှင့် MICB ဘဏ်နှစ်ခုသည် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားငွေလဲလှယ် နှုန်း ထိန်းချုပ်‌ပြီး စစ်တပ်အတွက် လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူ တင်သွင်းခြင်းအပါအဝင် စစ်တပ်နှင့် နိုင်ငံခြားဈေးကွက်များအကြားတွင် အရောင်း အဝယ်ပြုလုပ်နေသဖြင့် စီးပွားရေးပိတ်ဆို့ အရေးယူလိုက်ကြောင်း အမေရိကန်က ကြေညာ ခဲ့သည်။

ဘင်္ဂလားနှင့်မြန်မာနိုင်ငံ ကုန်သွယ်မှုသည် နည်းပါးပြီး အထူးသဖြင့် မြန်မာ နိုင်ငံ သို့ အာလူး၊ ဘီစကွတ်နှင့် ပလတ်စတစ်ထွက်ကုန်များကို ဘင်္ဂလားဒေ့ရှ် က အဓိက တင်ပို့ကြောင်း၊ မြန်မာဘက်မှ သစ်၊ အေးခဲငါး၊ ဂျင်းနှင့် ကြက်သွန်နီ စသည့် ကုန်ပစ္စည်းများ တင်သွင်းကြောင်း သိရှိရသည်။

၂၀၂၂ ဘဏ္ဍာနှစ်တွင် ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံမှ ဒေါ်လာ ၁၂၈ ဒသမ ၅ သန်းတန်ဖိုးရှိ ကုန်ပစ္စည်းများ တင်သွင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ သန်း တန်ဖိုးရှိ ကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ ဗဟိုဘဏ် ဥက္ကဋ္ဌ
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article