28 C
Yangon

မြိုင်မြို့နယ်ရှိ ထန်းဘုန်းတောရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၀ ကျော်ပြာကျပြီး ပစ္စည်းများကို ခိုးယူသွား

Must read

မြိုင်မြို့နယ်ရှိ ထန်းဘုန်းတောရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၀ ကျော်ပြာကျပြီး ပစ္စည်းများကို ခိုးယူသွား

ရန်ကုန်၊ သြဂုတ် ၂၂

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ထန်းဘုန်းတောရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးရာ နေအိမ် ၃၀ ကျော်ပြာကျပြီး ပစ္စည်းများကို ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မြိုင်မြို့နယ် ၊ ကန်နီပျူ စောထီးရွာကို ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ် နှင့် ပျူစောထီးများ ပါဝင်သော စစ်ကြောင်းက ထန်းဘုန်းတောရွာကို ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် နှင့် ပျူစောထီးများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ထန်းဘုန်း တောကျေးရွာမှ နေအိမ် ၃၀ ကျော် ပြာကျခဲ့ပြီး ကျန်ရှိနေသော နေအိမ်များမှ ပစ္စည်းများကိုလည်း မွှေနှောက်ဖျက်ဆီးသွားကြောင်း၊ စားနပ်ရိက္ခာများနှင့် ပစ္စည်းများကို ကန်နီ ပျူစောထီးရွာကို ခိုးယူသွားကြောင်း သိရသည်။

” ကန်နီပျူစောထီးရွာကို ရောက်နေတဲ့ အကြမ်းဖက် စစ်ခွေးအုပ်စု စစ်ကြောင်း နဲ့ ရွာခံပျူစောထီးတွေက ကန်နီပျူရွာအနီးမှာရှိတဲ့ ထန်းဘုန်းတောရွာကို ဝင်ရောက်ပြီး နေအိမ် ၃၀ ဝန်းကျင်ကို မီးရှို့ဖျက်စီးသွားတယ်။ ကျန်တဲ့ နေအိမ်တွေကိုလည်း မွှေနှောက်ဖျက်စီးပြီး စားနပ်ရိက္ခာနဲ့ပစ္စည်းတွေကို ကန်နီပျူစောထီးရွာထဲ ခိုးယူသွားတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article