33 C
Yangon

ကော့ကရိတ်ရှိ ရွာသစ်ကုန်းရွာ၌ တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး၊ ဆားလင်းကြီး မြို့မရဲစခန်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ကော့ကရိတ်ရှိ ရွာသစ်ကုန်းရွာ၌ တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး၊ ဆားလင်းကြီး မြို့မရဲစခန်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ၊ ကျောက်စက်၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၁၃ ဦး သေဆုံးခဲ့ကြောင်း Justice Soldier-PDF တပ်ဖွဲ့ ထံမှ သိရသည်။

ဩဂုတ်လ ၁၉ ရက် နှင့် ဩဂုတ် ၁၆ ရက်နေ့တို့တွင် အဆိုပါအကြမ်းဖက်စစ်သားများကို ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ပဒေသာ ဗုံးသီးများ ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကျားဖြူစစ် ကြောင်း လုံခြုံရေးတပ်ခွဲ (Southern Eagle- PDF)၊ ကျားဖြူတပ်ခွဲ-၄၊ ကျားဖြူတပ်ခွဲ -၅ (Justice Soldier-PDF) Drone တပ်ဖွဲ၊ နဂါးဖြူစစ်ကြောင်းတို့ ပူးပေါင်းကာ တိုက် ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားလင်းကြီးမြို့မရဲစခန်းကို မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Salingyi Special Task Force – SSTF ထံမှ သိရသည်။

ယနေ့ဩဂုတ်လ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က အကြမ်းဖက်စစ်သား၊ ရဲများပူးပေါင်းတပ်စွဲထား သည့် ဆားလင်းကြီးမြို့မရဲစခန်းကို Salingyi Special Task Force-SSTF တပ်ဖွဲ့၊Shar Htoo Waw နည်း ပညာတပ်ဖွဲ့ Team -4 နှင့် ကျောက်လုံးကြီး KLG တပ်မဟာတို့ ပူးပေါင်းကာ ဗုံးသီး ၂ လုံးကျ ချတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article