38 C
Yangon

မြိုင်မြို့နယ်၊ ပခုက္ကူ-ကမ္မ လမ်းပိုင်းတွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ၁၅ လုံး ကျဲချ တိုက်ခိုက်၊ ပခုက္ကူမြို့အဝင် အင်ပင်ဂိတ်ကို ဒရုန်း ဖြင့် ဗုံးကျဲ

Must read

မြိုင်မြို့နယ်၊ ပခုက္ကူ-ကမ္မ လမ်းပိုင်းတွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ၁၅ လုံး ကျဲချ တိုက်ခိုက်၊ ပခုက္ကူမြို့အဝင် အင်ပင်ဂိတ်ကို ဒရုန်း ဖြင့် ဗုံးကျဲ

ရန်ကုန်၊ ဩဂုတ် ၂၃

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပခုက္ကူ-ကမ္မ လမ်းပိုင်းတွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ၁၅ လုံးကျဲချ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း မြိုင်ပကဖအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီအချိန် ကမ္မမှ စတင်ထွက်ခွာလာသော စစ်ကောင်စီလမ်းကင်းများကို ပခုက္ကူ-ကမ္မလမ်းပိုင်း တစ်နေရာတွင် Drone ဖြင့် ဗုံးသီး ၁၅ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့ကြောင်း၊ လမ်းတလျောက် မိုင်း ရှင်း ရန်လာသော စစ်ကြောင်းကိုလည်း ပဒေသာမိုင်းသုံးလုံး နှင့် ရှေ့ထွက်မိုင်း နှစ်လုံးတိုဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် ကား ၂စီး မိုင်းထိမှန်ခဲ့ပြီး စစ်သား ၃ ဦး၊ ရဲ ၂ ဦးနှင့် ပျူစောထီး ၃ ဦး ဒဏ်ရာ ပြင်းထန် ကြောင်း၊ ဒဏ်ရာရရှိသူများကို ပခုက္ကူ ဆေးရုံသို့ ခေါ်သွားခဲ့ကြပြီး ယခုအချိန် အထိ ကားနှစ်စီး လာမယူရဲကြသေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို PKU Thurain ၊ Black Cobra ၊ PKU PPDF၊ မြိုင်ပကဖတပ်ရင်း (၁) နှင့် DMG ဓားမင်းကြီးအဖွဲ့ တို့ ပူးတွဲတိုက်ခိုက်ခဲ့ ကြောင်း သိရှိရသည်။

အလားတူ ဩဂုတ် ၂၂ ရက်နေ့ ညနေ ၄ နာရီအချိန် စစ်တပ်က တပ်စွဲထား သော ပခုက္ကူမြို့အဝင် အင်ပင်ဂိတ်ကို ဒရုန်းများဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မူတွင် Middle Revolution Task Force(MRTF)Drone တပ်နှင့် Royal Defence Force အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ ပစ်မှတ်ကို ထိရောက်စွာ တိုက်ခိုက်နိုင်သဖြင့် စစ်တပ်ဘက်မှ အထိ အခိုက် အသေအပျောက်များရှိနိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article