38 C
Yangon

မုံရွာမြို့တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးကို သတ်ဖြတ်ခဲ့သည့် ဓားပြအုပ်စုကို NUG အစိုးရ တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၃ ခု ဖြင့် တရားစွဲ ဆိုမည်

Must read

မုံရွာမြို့တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးကို သတ်ဖြတ်ခဲ့သည့် ဓားပြအုပ်စုကို NUG အစိုးရ တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၃ ခု ဖြင့် တရားစွဲ ဆိုမည်

ရန်ကုန်၊ ဩဂုတ် ၂၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးကို သတ်ဖြတ်ခဲ့သည့် လက်နက်ကိုင် ဓားပြ အုပ်စုကို NUG အစိုးရ တရားရုံးတွင် တရားစွဲဆိုမည်ဖြစ် ကြောင်း မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က တရားဝင်သတင်း ထုတ်ပြန် သည်။

ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် မုံရွာမြို့ ထန်းတောကျွန်းဆွယ် ရပ်ကွက်၊ နယ်မြေ ၄ ရှိ နေအိမ် တစ်လုံးအတွင်းသို့ လက်နက်ကိုင်လူတစ်စုက ဝင်ရောက် ဓားပြတိုက်စဉ် ကိုယ်ဝန် အမျိုးသမီးတစ်ဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့ကြောင်း၊ အဆိုပါ လူသတ်မှု ကျူးလွန်သူ ဓားပြအုပ်စုကို မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖမ်း ဆီးကာ အမှုတည်ဆောက်ခဲ့ကြောင်း၊ ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၃၉၅ ၊ ၃၉၆ ၊ ၃၉၇ ဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း သိရသည်။

“ဒီပြသနာက ဘယ်ကစလဲဆိုတော့ အာဏာသိမ်းစစ်တပ်က သူအာဏာ စသိမ်းလိုက်တာနဲ့ ခိုးဆိုးနှိုက် တွေ၊ ရာဇဝတ်သားတွေကို လွှတ်ပေးတယ်ဗျာ၊ လွှတ်ပေးပြီးတော့ နိုင်ငံရေးသမား၊ ကျောင်းသား ၊ တော်လှန်ရေးသမားတွေကို ထောင်ထဲမှာ မတရားဖမ်းထည့်တယ်၊ တိုင်းပြည်ကို ကမောက်ကမဖြစ် အောင်၊ မတည် မငြိမ်ဖြစ်အောင်လုပ်တာက အာဏာသိမ်းစစ်တပ်ဗျ၊ အခုချိန်မှာလည်း အကြမ်းဖက် စစ်တပ်ရဲ့ လက်ပါးစေ ရဲတို့၊ စစ်သားတို့ဆိုတာကလည်း PDF ဖမ်းဖို့ လောက်ပဲ အာရုံစိုက်တယ်၊ ခိုးဆိုး နှိုက်တွေဆိုရင် လွှတ်ကိုထားတာဗျ၊ မဖမ်းဘူး။ ဆိုတော့ ရပ်ရွာမှာနေထိုင်ကြတဲ့ပြည်သူလူထုအနေနဲ့ တရားဥပဒေ စိုးမိုး မှု၊ လုံခြုံမှုကတော့ တကယ့်ကို Zero Level အထိကို ရောက်နေတဲ့ အခြေ အနေ ပေါ့၊ ဒီအခြေအနေမှာ တဖက်ကလည်း စစ်ဖြစ်နေတဲ့ စစ်ဇုန်၊ စစ်ကိုင်း တိုင်း ဆိုတာ စစ်ဇုန်ပဲ၊ စစ်ဇုန်မှာနေရတဲ့ အ ခါကျတော့ လက်နက်တွေ က လည်း လက်တစ်ကမ်းမှာရှိနေတာ၊ပြည်သူတွေရဲ့ လုံခြုံရေးအနေအထား ကတော့ တကယ့်ကို ဆိုးဆိုးဝါးဝါးကြုံတွေ့နေရတဲ့အနေအထားရှိပါတယ်” ဟု စစ်ကိုင်း ဖိုရမ်၊ စစ်ကိုင်း ပြည်သူဖေးမကူကွန်ရက်လုပ်ငန်းအဖွဲ့ခေါင်းဆောင် ကိုစိုးဝင်းဆွေ သုံးသပ်ပြောကြားသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးကို သတ်ဖြတ်ခဲ့သူများမှာ ကျွဲကြီး(ခ)ဘိုငွေ၊ ပြုံးကြီး (ခ) ကျော်စိုးထွန်း ၊ အောင်ကြီး(ခ)အောင်မြင့်ခိုင်၊ ဘဂျမ်း(ခ)ကျော်သူစံ၊ တက်တူး (ခ)မိုးမင်းထက် ၊ ကရင်(ခ) အောင်ဆန် ဦး၊ ကျားလေး(ခ) ဝင်းမင်း ထက် တို့ဖြစ်ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် တော်လှန်ရေး ရည်ရွယ်ချက် မဟုတ်သည့် လက်နက်ကိုင်အဖွဲ့အစည်းများကို တားဆီးရန်၊ ရှုတ်ချ ရန် လိုအပ်ကြောင်း စစ်ကိုင်း ဖိုရမ်၊ စစ်ကိုင်း ပြည်သူဖေးမကူကွန်ရက် လုပ်ငန်း အဖွဲ့ခေါင်းဆောင် ကိုစိုးဝင်းဆွေ သုံးသပ်ပြောဆိုသည်။

“အကြံပြုချင်တာက လက်နက်တွေ မတရားပျံ့နှံနေတဲ့ ကိစ္စသည်လည်း မကောင်းဘူး၊ တိုင်းပြည် မတည်မငြိမ်နဲ့ စစ်ဖြစ်နေတဲ့အခြေအနေမှာ တောမီး လောင် တောကြောင်လက်ခမောင်းခတ် ဆိုတာမျိုး ရာဇဝတ်သားတွေအနေနဲ့ ထကြွ ကြတာတွေလည်းရှိတယ်၊ဆိုတော့ ကိုယ့်ဒေသတွင်းမှာရှိတဲ့ မုံရွာ ဆို လည်း မုံရွာပေါ့၊ ဒီမှာရှိတဲ့ MOD အောက်ကတပ်ရင်းတွေရှိမယ်၊ MOD နဲ့ မချိတ် ဆက်သေးတဲ့ Local တွေလည်း ရှိမယ်၊ ဒီလိုအဖွဲ့တွေကို စာရင်းပြုစု ထားပြီးတော့ ဒါကတော့ တော်လှန်ရေးတပ်ဖွဲ့စသည်ဖြင့် အဓိကတော့ ဖား လား၊ ငါးလားကွဲအောင် တော်လှန်ရေးဘက်သားတွေက အချင်းချင်း စာရင်းတွေ လုပ်ထားဖို့လိုမယ်၊ ပြီးတဲ့အခါကျတော့ တော်လှန်ရေးရည်ရွယ်ချက်မဟုတ်ဘဲနဲ့ အခြားလက်နက်ကိုင် တာကိုလည်း ရှုတ်ချဖို့လိုမယ်၊ တားဆီးဖို့လိုမယ်၊ ဘာ ကြောင့် လဲဆိုတော့ နိုင်ငံရေးအခြေမခံဘဲ လက်နက် ကိုင်တာထက်စာရင် လက် နက်မကိုင်တာက ပိုကောင်းတယ်၊ ဒီအခြေအနေကိုလည်း အမြန်ထိန်း ကွပ်ဖို့ လို မယ်၊ ဒါဆိုရင်တော့ အခုလိုမျိုး စိတ်မချမ်းမြေ့ဖွယ်ရာ စိတ် မကောင်း စရာသတင်းဆိုးတွေ လျော့ပါး သွားနိုင်တယ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြော ဆို သည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article