28 C
Yangon

အကြမ်းဖက် စစ်ကောင်စီ က ထုတ်ဝေသော နှစ်သောင်းတန် ငွေစက္ကူများကို ပုဂ္ဂလိကဘဏ်များ နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် သုံးစွဲခြင်းမပြုရန် NUG က တားမြစ်မိန့် ထုတ်ပြန်

Must read

အကြမ်းဖက် စစ်ကောင်စီ က ထုတ်ဝေသော နှစ်သောင်းတန် ငွေစက္ကူများကို ပုဂ္ဂလိကဘဏ်များ နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် သုံးစွဲခြင်းမပြုရန် NUG က တားမြစ်မိန့် ထုတ်ပြန်

ရန်ကုန်၊ ဩဂုတ် ၂၄

အကြမ်းဖက် စစ်ကောင်စီ က ထုတ်ဝေသော တရားမဝင် နှစ်သောင်းတန် ငွေစက္ကူ များကို ပုဂ္ဂလိကဘဏ်များနှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် သုံးစွဲခြင်းမပြုရန် အမျိုးသားညီညွတ်ရေး-NUG က တားမြစ်မိန့် ထုတ်ပြန် သည်။

အမျိုးသားညီညွတ်ရေးအစိုးရNUG ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟို အဖွဲ့ သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အခန်း ၁၂ တွင် ဖော်ပြထားသော အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများ အား တားဆီး နှိမ်နှင်း ရန်ရည်ရွယ်၍ အကြမ်ဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထိုအမိန့်ကို ထုတ်ပြန် ကြေညာလိုက်သည်ဟု သိရှိရသည်။

အဆိုပါအမိန့်တွင် အကြမ်းဖက် စစ်ကောင်စီက ထုတ်ဝေသော နှစ်သောင်း တန် ငွေစက္ကူများသည် တရားမဝင် ငွေစက္ကူများဖြစ်ကြောင်း၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်မှ ထုတ်ပြန် ကြေညာ ထားပြီး ဖြစ်ကြောင်း၊ အဆိုပါတရားမဝင်နှစ်သောင်းတန် ငွေစက္ကူများကို လက်ဝယ် ထားရှိခြင်း၊ အရောင်း အဝယ်ပြုလုပ်ခြင်း၊ တနည်းနည်းနှင့် လွှဲပြောင်းခြင်း တို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ အခန်း(၁၂)တွင် ဖော်ပြထား သော အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများကို ကျူးလွန်ရာ ရောက်ကြောင်း NUG က ထုတ်ပြန် ကြေညာထားသည်။

ထို့ကြောင့် ပြည်တွင်းငွေကြေးလည်ပတ်စီဆင်းမှုတွင် အဓိကကျသော အခန်းကဏ္ဍ၌ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသော ပုဂ္ဂလိက ဘဏ်များနှင့် ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် တရားမဝင် နှစ်သောင်းတန်ငွေစက္ကူများကို လက်ဝယ် ထားခြင်း၊ အရောင်းအဝယ် ပြုလုပ်ခြင်း၊ တနည်းနည်းဖြင့်လွှဲပြောင်းခြင်းများ မပြုလုပ်ရန် တားမြစ်မိန့် ထုတ်ပြန်လိုက်ကြောင်း၊ ပြည်သူများအနေဖြင့် တရားမဝင်နှစ်သောင်းတန် ငွေစက္ကူများကို ငွေကြေးလည်ပတ်မှု တွင် အသိအမှတ်ပြုလက်ခံ သုံးစွဲသော ဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား အထောက်အထားနှင့် တကွ အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟို အဖွဲ့သို့ အသိပေးတိုင်ကြားကြပါရန် နှိုးဆော်တိုက်တွန်းကြောင်း၊ တားမြစ်မိန့်ကို လိုက်နာ ဆောင် ရွက်ခြင်းမရှိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့် အညီတားဆီးနှိမ်နှင်းအပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း NUG အကြမ်းဖက် မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၊ ဥက္ကဋ္ဌက ထုတ်ပြန်ကြေညာသည်။

“အကြမ်ဖက်စစ်ကောင်စီက စစ်ရာဇဝတ်မှုတွေ ပြီးတော့ လူသားမျိုးနွယ်စု တွေ အပေါ် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့အတွက်ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက စီပွါးရေးနဲ့ဘဏ္ဍာရေးပိတ်ဆို ဒဏ်ခက်မှု sanctions တွေ လုပ်ထားကြတယ်။ အခုဒီအရေးယူပိတ်ဆို့မှုတွေကြောင့် နိုင်ငံခြားငွေ လိုအပ်မှု အကျပ်အတည်းကို အကြီးအကျယ် စိုက်နေပြီ။ ဘတ်ဂျတ်လိုငွေပြမှုကလည်း ဘယ်တုန်းကမှ မကြုံဘူးတဲ့ လိုငွေပြမှုကို ရင်ဆိုင်နေရပြီ။ ဒါကိုဖြေရှင်းဖို့ နှစ်သောင်း တန်ရိုက်ထုတ် လာတယ် ကျတော်တို့ ဒါကို ဘယ်လိုမှ ခွင့်ပြုလို့ မရဘူး သူ့မှာ အဲဒီလုပ်ပိုင်ခွင့်လည်း မရှိဘူး။ ဒီနှစ်သောင်းတန်တွေကို တရားမဝင် ဘူးဆိုတာလည်း အန်ယူဂျီကြားကာလ ဗဟိုဘဏ်ကလည်း ကြေညာပြီးသားပါ။ အဲဒီတော့ ဒီနှစ်သောင်းတန်တွေ သုံးစွဲဖြန်ဖြူးမှုတွေကို အစွမ်းကုန် တာစီးနှိမ်နှင်းသွားမယ်။ ပုဂ္ဂလိကဘဏ် တွေနဲ့ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေအနေနဲ့ အထူးလိုက်နာဖို့ လိုတယ် စစ်ကောင်စီ သက်ဆိုးရှည် အောင် ထောက်ပံနေတာမျိုးကိုလုံးဝလက်ခံတော့မှာ သည်းခံတော့မှာ မဟုတ် ဘူး။ စစ်ကောင်စီ ဗဟိုဘဏ်ကို လည်း အရေးယူတောင်ရွက်ဖို့စီစဉ်နေတယ်။ ပုဂ္ဂလိကဘဏ်တွေကို တော့ သတိပေးတဲ့အနေနဲ့ ဒီတားမြစ်မိန့်ကို ထုတ်တာပါ။ အန်ယူဂျီအုပ်ချုပ် ထားတဲ့ဒေသတွေမှာ လုံးဝသုံးစွဲ ခွင်းမပြုအောင် အစီအစဉ် ချပြီးဆောင်ရွက်နေပါတယ် မြို့နယ် ပအဖတွေ ပကဖ တွေ အနေနဲ့ အရေးယူ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ကိုလည်း ဒီရက်ထဲမှာ တွေ့ဆုံညွန်ကြားသွားဖို့ စီစဉ်ထားတယ်။ တော်လှန်ရေးက အရှိန်အမြင့်ဆုံးအဆင့်ကို ရောက်လာပြီ တော်လှန်ရေးကြာရင် နိုင်ငံနဲ့ပြည်သူပဲ အထိနာမယ် ဒါကြောင့် စစ်ကောင်စီ ပြိုကျပျက်စီစေဖို့ အစွမ်းကုန် လုပ်စရာရှိတာကို လုပ်သွားတော့မယ်။ ဒါကြောင့် အမိန့်ကို လိုက်နာပြီး ပူးပေါင်းကြစေချင်တယ်” ဟု NUG အကြမ်း ဖက် မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ ဥက္ကဋ္ဌ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article