37 C
Yangon

ရွှေကူ၊ ကျောက်ကြီးရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး MA 1 တစ်လက်အပါအဝင် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

Must read

ရွှေကူ၊ ကျောက်ကြီးရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး MA 1 တစ်လက်အပါအဝင် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ စက်တင်ဘာ ၂

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာ၌ အထိုင်ချထားသော အကြမ်းဖက်စစ်တပ်စခန်း ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ၅ ဦးသေဆုံးပြီး MA ၁ လက်အပါအဝင် ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း Myo Hla PDF တပ်ဖွဲ့၏ထုတ်ပြန်ချက်နှင့် ရွှေကူPDF မှ တာဝန်ရှိသူတစ်ဦး၏ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုချက်အရ သိရှိရသည်။

စက်တင်ဘာလ ၁ ရက် နံနက် ၁ နာရီ ၁၅ မိနစ်အချိန်ခန့် ကျောက်ကြီးကျေးရွာတွင် အထိုင် ချထားသော တပ်မ ၈၈ လက်အောက်ခံတပ် ခလရ ၇၇ အထိုင်တပ်နှင့် ရဲစခန်းကို မြို့လှ K-PDF တပ် ရင်းက အလစ်အငိုက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံပြီး ၆ ဦး ဒဏ်ရာရရှိကြောင်း၊ MA. 1 တစ်လက်နှင့်အတူ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရ သည်။

“ကျောက်ကြီးရဲစခန်းကို သိမ်းတယ်၊ သိမ်းပြီးတော့ အထိုင်လုပ်နေလို့မရဘူး၊ မနက် ၃ နာရီလောက်က စခန်းကို ဝင်တိုက်တော့ ၅ နာရီလောက်အထိပေါ့၊ သူတို့တွေ ဆုတ်ပြေးသွားတယ်၊ လက်နက်ရော၊ ခဲ ယမ်းရော တော်တော်များ များရလိုက်တာပေါ့၊ စခန်းကို အချိန်ကြာကြာထိုင်ထားလို့ မရဘူး၊ သိမ်းပြီးတာနဲ့ ယူစရာရှိတာယူပြီး ပြန်ဆုတ်လာခဲ့တာ၊ အားလုံး ပြီးမှ ပစ္စည်းတွေဘာတွေ သိမ်း ပြီး စွန့်ခွာပြီးမှ လေယာဉ်တွေနဲ့ ဗုံးလာကျဲ တာ၊” ဟု ရွှေကူ PDF တပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုသည် ၃ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်စွဲထားသည့် နေရာများကို စွန့်ခွာကာ ရဲစခန်းအတွင်းသို့ ထွက်ပြေးသွားကြကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်ကြီးကျေးရွာ ရဲစခန်း အ တွင်း ၌ ပိတ်မိကာ ကတုတ်ကျင်းကောင်းနေသဖြင့် ကတုတ်ကျင်းထဲမှ မထွက်တော့ဘဲ ရမ်းသမ်းပစ်ခတ် နေခဲ့ကြောင်း၊ မြစ်ကြီးနားလေတပ်မှ Jet Fighter SU 30 တိုက်ခိုက်ရေး ရဟတ်ယာဉ်များ တက်လာသည်ဖြင့် ရဲစခန်းကို သိမ်းခြင်းမပြုတော့ဘဲ လက်နက်ပစ္စည်းများ ယူဆောင်ကာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

အထိနာခဲ့သော အကြမ်းဖက်စစ်တပ်က ယမန်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန် ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်တိုက်ခိုက်ခဲ့ ကြောင်း၊ နံနက် ၈ နာရီ ၃ မိနစ်နှင့် နံနက် ၈ နာရီ ၈ မိနစ်တို့တွင် Mi-35 တိုက်ခိုက်ရေး စစ် ရဟတ် ယာဉ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့လှ KPDF က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article