36 C
Yangon

ညောင်လေးပင်ခရိုင်တွင် စစ်တပ်က ကျေးရွာများကို လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ရွာပေါင်း ၂၆ ရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရ

Must read

ညောင်လေးပင်ခရိုင်တွင် စစ်တပ်က ကျေးရွာများကို လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ရွာပေါင်း ၂၆ ရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရ

ရန်ကုန်၊ စက်တင်ဘာ ၃

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် စစ်တပ်က ကျေးရွာများကို လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ရွာပေါင်း ၂၆ ရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ​ကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၁၉ ရက်နေ့က စတင်ပြီး ညောင်လေးပင်ခရိုင်၊ မူး(မုန်း)မြို့နယ်ရှိ အုပ်ဖြတ်ရွာ၊ ကရင်ကျရွာ၊ သမန်းကျင်းရွာနှင့် ကြက်တက်ညောင်ပင်သာရွာများ အနီးတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲများ စတင်ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ နေရာအနီးတစ်ဝှိုက်ကို KH-W ဂျက်ဖိုက်တာ ၁ စီးနှင့် MI-35 ရဟတ်ယာဥ်တို့ဖြင့် လာရောက်ပစ်ခတ်ပြီး ခမရ−၄၃၉ နှင့် ခလရ−၆၀ တပ်များမှ ပြည်သူများနေထိုင်သည့် ကျေးရွာများအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာပေါင်း ၂၆ ရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရသည်။

လက်ရှိချိန်တွင် ဖိုးသောင်းစုရွာ၊ မျက်ရဲကရင်ရွာ၊ မျက်ရဲဗမာရွာ၊ ကျွန်းကုန်းရွာ၊ ဦးသျှစ်ခင်ရွာ၊ ငလောက်တိုက်ရွာ၊ သစ်ချဆိပ်ရွာ၊ ဇီးကုန်းရွာ၊ ဆင်ဆိပ်ရွာ၊ တောပုရွာ၊ လှည်လမ်းကူးရွာ၊ ရွှေပြည်သာရွာ၊ တိုပင်ရွာ၊ ညောင်ပင်သာရွာ၊ ကြက်တက်ညောင်ပင် သာရွာ၊ ကရင်ကြရွာ၊ ယောက်သဝရွာ၊ လှည်းလမ်းကူး၊ တလအိုင်ရွာ၊ ကျောက်ကြီး ဘက်ကမ်းရွာ၊ နှောတောရွာ၊ မဲဖလန်ရွာ၊ သရက်တန်းရွာ၊ သမန်းကျင်းရွာ၊ ဘွာအိမ်စုရွာနှင့် မိကျောင်းခေါင်း ရွာတို့မှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ကျေးရွာများအတွင်း လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ ထိခိုက် ပျက်စီးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article