37 C
Yangon

စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် အာဆီယံအဖွဲ့ဝင် လေတပ်ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို ဖျက်သိမ်းရန် CRPH တောင်းဆို

Must read

စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် အာဆီယံအဖွဲ့ဝင် လေတပ်ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို ဖျက်သိမ်းရန် CRPH တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၇

အကြမ်းဖက်စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် အာဆီယံအဖွဲ့ဝင် လေတပ်ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို ပါဝင်တက်ရောက်ခြင်းအား ဖျက်သိမ်းရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ – CRPH က ယနေ့ စက်တင်ဘာလ ၆ ရက်နေ့တွင် တောင်းဆိုတိုက်တွန်းလိုက်ကြောင်း သိရသည်။

လာမည့် စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံ၊ နေပြည်တော်တွင် တရားမဝင် အာဏာသိမ်းစစ်ကောင်စီက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လေတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်များ တက်ရောက်ရန်ရှိသည့် ညီလာခံကို အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ ပါဝင်တက်ရောက်ခြင်းသည် တရားမဝင်စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်တိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်ခြင်းကို အားပေးရာရောက်ခြင်းကြောင့် အဆိုပါညီလာခံကို ပါဝင် တက်ရောက်ခြင်း အား ဖျက်သိမ်းပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူလူထုက ရွေး ကောက်တင်မြှောက်ထားသော အရပ်သားအစိုးရကို ပုန်ကန်၍ ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ အာဏာလု ယူမှုကို ကျူးလွန်ခဲ့သည့် မင်းအောင်လှိုင်ခေါင်းဆောင်သည့် အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံတော် အာဏာ ချုပ်ကိုင်နိုင်ရေးအတွက် နိုင်ငံတစ်ဝှမ်း၌ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ အပါအ ဝင် စစ်ရာဇဝတ်မှုများ၊ လူမဆန်သော သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ် မှုများနှင့် အကြမ်းဖက်မှုပုံစံအမျိုးမျိုးဖြင့် ပြည်သူများအပေါ် တိုးမြှင့်ကျူးလွန်နေသည့် အချိန်အခါဖြစ် ကြောင်း ထောက်ပြထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းသည့်အချိန်မှ ယနေ့ အချိန်အထိ အကြမ်း ဖက်စစ်ကောင်စီသည် ပြည်သူပေါင်း ၄,၀၀၀ ကျော်အား သတ်ဖြတ်ခဲ့ပြီး ပြည်သူ့နေအိမ် ၈၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံတစ်ဝှမ်း နေ့စဉ်တိုးမြှင့်လုပ်ဆောင်နေ သည့် အကြမ်းဖက်မှုများကြောင့် ပြည်သူ ၂ သန်းကျော် သည် နေရပ်စွန့်ခွာတိမ်းရှောင်နေရလျက်ရှိသည့် အပြင် နိုင်ငံတွင်း စီးပွားရေး ချွတ်ခြုံကျမှုများကြောင့် ပြည်သူ ၁၈ သန်းကျော်သည် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ လိုအပ် လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ဥပဒေမဲ့ စစ်အာဏာသိမ်းမှုအပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် အ ကြမ်းဖက်မှုများနှင့် သတ်ဖြတ်မှုများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး သည် မြန်မာပြည်သူများအတွက် အရေးတကြီး လိုအပ်လျက်ရှိသဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး ပူးပေါင်းဆောင် ရွက်မှုများကို လုံးဝရပ်တန့်ပေးရန် CRPH မှ ထပ်လောင်းတောင်းဆိုထားသည်။

ယခုကဲ့သို့ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် အလွန် အကျိုးသက်ရောက်နေသည့် မြန် မာနိုင်ငံ အရေးကိစ္စအပါအဝင် အခြားစိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြုံတွေ့နေရသည့် အချိန်၌ အာဆီယံ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များအနေဖြင့် အာဆီယံ ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များ၊ နိုင်ငံတကာဥပဒေများ နှင့် လူ့အခွင့်အရေးစံနှုန်းများကို လေးစားလိုက်နာလျက် အာဆီယံ အသိုက်အဝန်း၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်းနှင့်အတူ အာဆီယံဒေသတွင်း ပြည်သူများ၏ အကျိုးစီးပွားကို ဦးစားပေး ထည့်သွင်း စဉ်းစားလျက် မိတ်ဆွေကောင်းပီသမှုကို ပြသရန် လိုအပ်ပါကြောင်း CRPH ၏ တိုက်တွန်းတောင်းဆို ချက်တွင် ဖော်ပြထားသည်။

အာဆီယံဒေသတွင်းပြည်သူများဖြစ်သည့် မြန်မာပြည်သူများအပေါ် လူမဆန်သော အကြမ်းဖက်မှုများ ကျူးလွန်နေသည့် ရာဇဝတ်သား စစ်ကောင်စီနှင့် ယခုကဲ့သို့ ထိတွေ့ဆက်ဆံ နေခြင်း၊ ပူးပေါင်းဆောင် ရွက်နေခြင်းတို့သည် အကြမ်းဖက်မှုနှင့် ဒေသတွင်း မတည်ငြိမ်မှုကို ပိုမို ဦးတည်စေနိုင်သဖြင့် အထူး သတိပေးလိုကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် မိမိတို့၏ တောင်းဆိုချက်များနှင့် အကြံပြု ချက်များအပေါ် အမြော်အမြင်ရှိစွာ ထည့်သွင်းဆုံးဖြတ်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြည်ထောင် စုလွှတ်တော်ကိုယ်စားပြုကော်မတီ – CRPH မှ တိုက်တွန်းတောင်းဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article