35 C
Yangon

ပေါက်ခေါင်းမြိုနယ်၊ စစ်တပ်ပိုင် အင်ငါးခွသကြားစက်၏ ဒုစက်ရုံမှူး ဗိုလ်‌ကြီးဟောင်း သန်းဝင်း ပစ်ခတ်ခံရပြီး သေဆုံး ၊ လူငယ်များကို PDF ဟု စွပ်စွဲ ဖမ်းဆီးခဲ့သည့်အပြင် ပြည်သူ့လယ်ယာမြေများကို အဓမ္မသိမ်းယူခဲ့

Must read

ပေါက်ခေါင်းမြိုနယ်၊ စစ်တပ်ပိုင် အင်ငါးခွသကြားစက်၏ ဒုစက်ရုံမှူး ဗိုလ်‌ကြီးဟောင်း သန်းဝင်း ပစ်ခတ်ခံရပြီး သေဆုံး ၊ လူငယ်များကို PDF ဟု စွပ်စွဲ ဖမ်းဆီးခဲ့သည့်အပြင် ပြည်သူ့လယ်ယာမြေများကို အဓမ္မသိမ်းယူခဲ့

ရန်ကုန်၊ စက်တင်ဘာ ၉

ပဲခူးတိုင်း ပေါက်ခေါင်းမြိုနယ်၊ စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် အင်ငါးခွ သကြားစက်၏ ဒုတိယစက်ရုံမှူး ဗိုလ်ကြီးဟောင်း သန်းဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် ပြည်ခရိုင် တပ်ရင်း -၃၆၀၂၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီအချိန် ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါက်ခေါင်းမြိုနယ် ချောင်းဂွကြီး ရေထိမ်းတမံ ချက် ၂ နဲ့ ၃ အကြားရှိ

စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ၏ အင်ငါးခွ သကြားစက် ဒုစက်ရုံမှူး ဗိုလ်ကြီးဟောင်း သန်းဝင်းကို ပစ်ခတ်ရာ သေဆုံးသွားကြောင်း ၊ ဗိုလ်ကြီးဟောင်း သန်းဝင်းသည် စစ်တပ်နှင့်ရဲများကို တစ်လလျှင် ၂ ကြိမ် အနည်းဆုံးခေါ်ယူပြီး စစ်တပ် ဦးပိုင်ရုံးအနားရှိ တံတားတွင် လူငယ်များကို PDF စွပ်စွဲကာ ငွေညှစ်အနိုင်ကျင့်ခြင်း၊ စစ်တပ်နှင့်ရဲများကို အမြဲသတင်းပေးခြင်း၊ ပြည်သူ့ တောင်ယာမြေတွေကို ဝင်ရောက် လုပ်ကိုင် ဖျက်ဆီးခြင်း စသည့် ပြည်သူများကို အနိုင်ကျင့် ဗိုလ်ကျ နေသဖြင့် ပြည်ခရိုင်၊တပ်ရင်း ၃၆၀၂၊ တပ်ခွဲ (၁) ပြည်သူ့ကာကွယ်ရေးတပ်မတော်က ပစ်ခတ်ခဲ့ရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒုစက်ရုံမှူး ဗိုလ်ကြီးဟောင်း သန်းဝင်း အသတ်ခံရတာက ပေါင်းတလည်ရဲစခန်းအပိုင်ထဲမှာပဲ။ သူက အင်ငါးခွသ ကြားစက် ဒုစက်ရုံမှူး ။ စိုက်ပျိုးရေးတာဝန်ခံလည်းဖြစ်တယ်။ ပြည်သူတွေ အနိုင်ကျင့်တာတွေလည်း မကြာခဏ လုပ်တယ်။ မြေတွေ သိမ်းဆည်းတာ၊ ဖျက်ဆီး တာတွေလည်းလုပ်တယ်။ စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီ မြေပဲစိုက်ခင်းထဲမှာ သူ့ကို ပစ်ခတ်သွားတာ။ ပွဲချင်းပြီး ဆုံးတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း လက်အောက်ရှိ အင်ငါးခွ သကြားစက် ဒုတိယစက်ရုံမှူး ဗိုလ်ကြီးဟောင်း သန်းဝင်း ပစ်သတ်ခံရမှုအတွက် စစ်တပ်နှင့်ရဲများက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသော်လည်း မစ်ရှင်ဆောင်ရွက်ခဲ့သော တော်လှန်ရေးရဲဘော်များ ဘေးကင်း လုံခြုံကြောင်း သိရှိရသည်။

ပြည်ခရိုင်၊တပ်ရင်း ၃၆၀၂၊ တပ်ခွဲ (၁) ပြည်သူ့ကာကွယ်ရေးတပ်မတော်ကမူ အကြမ်းဖက်စစ်တပ်၏ ဒေါက်တိုင်များကို ရှင်းလင်းသွားမည်ဖြစ်ပြီး ပြည်သူလူထုကို နှိပ်စက်အနိုင်ကျင့်သူများကို ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်း တရားဝင် သတိပေးချက် ထုတ်ပြန် ကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article