29.6 C
Yangon

ဖြူးမြို့နယ်၊ လေးအိမ်စုကျေးရွာတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ် ၁ ဦးနှင့် ဖခင်ဖြစ်သူ ပွဲချင်းပြီး သေဆုံး

Must read

ဖြူးမြို့နယ်၊ လေးအိမ်စုကျေးရွာတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ် ၁ ဦးနှင့် ဖခင်ဖြစ်သူ ပွဲချင်းပြီး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၀

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အရှေ့ဘက် ဝဲကြီးကျေးရွာအုပ်စု ၊ လေးအိမ်စုကျေးရွာ တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကလေးငယ် ၁ ဦးနှင့် ဖခင် ဖြစ် သူတို့ ပွဲချင်းပြီး သေဆုံးသွား ကြောင်း ဒေသပြည်သူများ က ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုကြသည်။

စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းအချိန် ဖြူးမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ လေးအိမ်စု ကျေးရွာနေ ဖခင်ဦးစိုးလင်းနှင့် သားဖြစ်သူတို့ နှစ်ဦးသည် စစ်တပ် က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်ထိမှန်၍ သေဆုံး သွားကြောင်း၊ ကလေးငယ်သည် လက်နက်ကြီးကျည်က ဦးခေါင်းကို နဖူးတည့် တည့်မှ ဖောက်ထွက်၍ ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ဖခင်ဦးစိုးလင်းမှာ လည်း ခါးနှင့် ရင်ဘတ်တို့တွင် လက်နက်ကြီးကျည်များ ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ဦးစိုးလင်းနဲ့ သားလေးရှိနေတဲ့ နေအိမ်ထဲကို လက်နက်ကြီးကျည်က ကျ ရောက် လာတာပါ။ အဲဒါကြောင့် ကလေးရော ဖခင်ဦးစိုးလင်းရော ပွဲချင်းပြီး ဆုံးပါတယ်။ ကလေးက နဖူးတည့်တည့် ကနေ လက်နက်ကြီးကျည်စ ဖောက် ဝင်သွားတာ။ ခေါင်းမှာ အပေါက်ကြီးဖြ စ်ပြီးတော့ ဆုံးတယ်။ ရွာမှာက PDF လည်းမရှိဘူး။ တစ်ရွာလုံးက အေးအေးဆေးဆေးနေကြတာ။ နိုင်ငံရေးလည်း ဘယ်သူကမှ မလုပ်ကြပါဘူး။ အခုတော့ တစ်ရွာလုံး ထွက်ပြေး နေကြရပြီ” ဟု ဒေသပြည်သူ တစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် စစ်တပ်က ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ပဲခူးရိုးမနှင့်နီးစပ်သော ကျေးရွာ များ ကို လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်း၊ ကျေးရွာများကို ဝင် ရောက် စီး နင်း ပြီး မီးရှို့ခြင်း၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင် လျက်ရှိသည်။

ဓာတ်ပုံ- သေဆုံးသွားသော ကလေးငယ်နှင့်ဖခင်ဦးစိုးလင်း။

(ယခုနောက်ပိုင်း Facebook လူမှုကွန်ရက်က Community Standard စည်း မျဉ်းစည်းကမ်းများကို အလွန်ဆိုးရွားစွာ တင်းကျပ်နေပါသဖြင့် ဆင်ဆာ မပါသော ဓာတ်ပုံများကို ကြည့်ရှုလိုခြင်း၊ သတင်းများနှင့်ပတ်သက်၍ အသေး စိတ်အချက်အလက်များကို သိရှိလိုခြင်းများအတွက် ရန်ကုန် ခေတ် သစ်၏ တယ်လီဂရမ် https://t.me/khitthitnews/136338 တွင် သွားရောက် ကြည့်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ )

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article