28 C
Yangon

ပြည်သူကို ရန်သူကဲ့သို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ သတ်ဖြတ်နေမှု ကုလ သမဂ္ဂ နှင့် နိုင်ငံတကာက အမြန်ဆုံး အရေးယူပေးရန် KNU တပ်မဟာ ၅ က တောင်းဆို

Must read

ပြည်သူကို ရန်သူကဲ့သို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ သတ်ဖြတ်နေမှု ကုလ သမဂ္ဂ နှင့် နိုင်ငံတကာက အမြန်ဆုံး အရေးယူပေးရန် KNU တပ်မဟာ ၅ က တောင်းဆို

ရန်ကုန်၊ စက်တင်ဘာလ ၁၄

အကြမ်းဖက်စစ်ကောင်စီအုပ်စုက ပြည်သူလူထုအပေါ်ရန်သူသဖွယ် သဘော ထား ကာ စစ်တိုက်လေယာဉ်များဖြင့် ဗုံးကျဲ သတ်ဖြတ်နေပြီး ယင်းကဲ့သို့ ကျူး လွန်နေမှုများကို ကုလသမဂ္ဂနှင့်နိုင်ငံတကာက အမြန်ဆုံး အရေးယူပေးရန် KNU တပ်မဟာ ၅ က တောင်းဆိုလိုက်သည်။

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် စစ်တပ်က ဗုံးကျဲတိုက်ခိုက် သည့်နေရာများသည် (KNU/KNLA) ၏ ဌာနရုံးများ နှင့်အ ဆောက်အဦ များ တည် ရှိသည့် နေရာမဟုတ်ဘဲ ပြည်သူများနေထိုင်သော နေရာများဖြစ် ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီသည် စစ်သုံးလေယာဉ်အပါအဝင် နည်းမျိုး စုံ ဖြင့် ပြည်သူလူထုအပေါ် ရည်ရွယ် ချက်ရှိရှိ လိုက်လံသတ်ဖြတ် နေကြောင်း KNU တပ်မဟာ ၅ က ပြောသည်။

အကြမ်းဖက်စစ်အုပ်စု အမြန်ဆုံးကျဆုံးရေးအတွက် ပြည်တွင်း ပြည် ပရှိ လူထုတစ်ရပ်လုံးက စည်းလုံး ညီ ညွတ် စွာ ဆန့်ကျင်တွန်းလှန်ရန်ကြရန်၊ UN အပါအဝင် ကမ္ဘာ့အင် အားကြီး ဒီမိုကရေစီ နိုင်ငံများက မြန်မာစစ်တပ်ကို အမြန် ဆုံးအရေး ယူပေးရန် KNU တပ်မဟာ ၅ (မူတြော် ခရိုင်) က တိုက်တွန်း သည်။

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၅ နာရီခွဲမှ နံနက် ၇ နာရီ မိနစ် ၂၀ အချိန်အထိ ခေးပူရွာအနီးရှိ အကြမ်းဖက် စစ် ကောင်စီအုပ်စု၏ ဆာလော်ကျိုး စခန်းကိုကရင် အမျိုးသား လွတ်မြောက် ရေး တပ်မ တော် (KNLA) အထူးတပ်ဖွဲ့များ (Special Forces) ပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ ခေးပူ(ဆာလော်ကျိုး) စခန်းကို အကြမ်းဖက်စစ်အုပ်စုက ၂၀၀၇ ခုနှစ်တွင် အခြေချနေထိုင်ခဲ့ခြင်းဖြစ်ပြီး ခေးပူရွာ နှင့် အနီးအနားဝန်းကျင်ရှိ ကျေးရွာများမှ ရွာသူ၊ ရွာသားများကို ခြိမ်း ခြောက်ခြင်း၊ ဖမ်းဆီးနှိပ် စက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့လုပ်ဆောင်ခဲ့သဖြင့် ဒေသနေပြည်သူများမှာ လွတ်လပ်ခွင့်နှင့် ဘဝလုံခြုံ မှုများ လုံးဝကွယ်ပျောက် ခဲ့ရသဖြင့် ငြိမ်းချမ်းရေး စကားပြောချိန်က ယင်းခေးပူစခန်း အပါအဝင် မူတြော် ခရိုင် အတွင်းရှိ စစ်တပ်စခန်း ၇ ခုကို လုံးဝဖယ်ရှားရန် ဒေသခံပြည်သူများက တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

မူတြော်ခရိုင်၊အမှတ် ၅ တပ်မဟာ တာ၀န်ရှိသူများကလည်း ယင်းစခန်းများကို ဖယ်ရှားပေးရန် တရား ဝင်စာ ဖြင့်သော်လည်းကောင်း၊ ထုတ်ပြန်ကြေညာချက် သော်လည်းကောင်း စာဖြင့် အသိပေး အကြောင်း ကြားခဲ့သော်လည်း အကြမ်း ဖက် စစ်တပ်က အလေးထားဆောင်ရွက်မှုများမပြုလုပ်ခဲ့သဖြင့် ပြည်သူလူထု ၏ လိုအင်ဆန္ဒ များဖြည့်ဆည်းပေးရန်အလို့ငှာ ဆာလော်ကျိုး ခေးပူစခန်းအား (KNLA)က တိုက်ခိုက် သိမ်းပိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

ဆာလော်ကျိုးခေးပူစခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စက် တင် ဘာလ ၇ ရက်နေ့ တရက် တည်းတွင် အကြမ်းဖက်စစ် ကောင်စီအုပ်စုက တိုက်လေယာဉ်ဖြင့် မူတြော်ခရိုင် အတွင်းရှိ ခေးပူအုပ်စု သေသူးခီးရွာ၊ လယ်မူပ လော ကျေးရွာအုပ်စု ကော်ရိုဘောထရွာ၊ ဒွယ်လိုးမြို့နယ် ၊ နားကိုခီးကျေးရွာ အုပ်စု ထီးကေထာရွာနှင့် ပေးကေး ကျေးရွာအုပ်စု တမေထာရွာစသည့် နေရာ ၄ နေရာ၌ အလေးချိန် ပေါင် ၅၀၀ ကျော်ရှိ (ကလက်စ်တာဗုံး) များ လာရောက် ကျဲခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီအုပ်စုက တိုက်လေယာဉ်များဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ထီးကေထာ ကျေးရွာ အလယ်တန်းကျောင်းမှ အသက် ၁၆ နှစ်အရွယ် ကျောင်းသူ နော်ထီးခူဖော၊ အသက် ၁၄ နှစ် အရွယ် ကျောင်း သားစောအယ်မူလာစေး ၊ အသက် ၁၃ နှစ်အရွယ် စောဘိုကြည်နှင့် ကျောင်း ကော်မတီ ဝင် စောဖါးဒါးတို့ ထိမှန်သေဆုံးခဲ့ပြီး အသက် ၁၄ နှစ်အရွယ် နော်ဖော စေး ထူး၊ အသက် ၁၁ နှစ်အရွယ် နော်ဒါးဝါး၊ အသက် ၉ နှစ်အရွယ် စောမူလာဝါး၊ အသက် ၁၅ နှစ်အရွယ် စောမယ်မူထူး ၊ အသက် ၁၆ နှစ်အရွယ် နော်မူကပေါ်၊ အသက် ၂၄ နှစ်အရွယ် ကျောင်းဆရာမ နော်ဒါးနှင့် အသက် ၄၅ နှစ်အရွယ် သေသူးခီးရွာသား စောရှီးမူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ သည်။

အကြမ်းဖက်စစ်ကောင်စီအုပ်စုသည် ပြည်သူလူထုကရွေးကောက်တင် မြောက် ခဲ့သောအစိုးရ ထံမှ အာ ဏာလုယူခဲ့ပြီးနောက် ၎င်းအားဆန့်ကျင်တော် လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အင်အား စု အပါအဝင် အခြားသော တော်လှန်ရေးအင်အားစုနှင့် ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားပါက ပြည်သူလူထုနေ ထိုင် သည့်ရွာများအတွင်းနှင့် လယ်ယာ၊ တောင်ယာလုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီး များ၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်နေမှုများ မကြာခဏလုပ် ဆောင်နေကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီအုပ်စု၏ နည်းမျိုးစုံဖြင့်အကြမ်းဖက်လုပ်ရပ် များလုပ် ဆောင် နေခြင်းသည် ကော် သူးလေ ထိန်းချုပ်နယ်မြေ (KNU)မူတြော်ခရိုင် တစ်ခု တည်းသာမက အခြားသောခရိုင်များအပြင် မြန်မာ နိုင်ငံရှိ အခြား တိုင်း ရင်း သားပြည်နယ်များနှင့် တိုင်းဒေသကြီးများတွေလည်း အဆက်မပြတ် လုပ်ဆောင် နေကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မူတြော်ခရိုင် အမှတ် ၅ တပ်မဟာ က ဆန့်ကျင်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီအုပ်စု အမြန်ဆုံးကျဆုံးရေးအတွက် ပြည်တွင်းပြည်ပ၊ နယ်စပ်ဒေသနှင့် တတိယ နိုင်ငံတွင်ရှိသော ကရင်ပြည်သူထုများအနေဖြင့် စည်းလုံးညီညွှတ်စွာ ဆန့် ကျင်တွန်းလှန် တိုက်ထုတ် ကြရန် တိုက်တွန်း နှိုးဆော်အပ်ပါကြောင်း၊ ကမ္ဘာ့ ကုလသမဂ္ဂ (UN)အပါအဝင် ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံများအနေဖြင့်လည်း အမြန် ဆုံး အရေးယူဆောင်ရွက်မှုများပြု လုပ်ရန် တောင်းဆို ပါကြောင်း KNU တပ်မဟာ ၅ က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- KNU တပ်မဟာ ၅ နယ်မြေတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကြောင့် ကွယ်လွန်ခဲ့ကြသော ပြည်သူတချို့၏ နာရေး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article