25 C
Yangon

ဒေါ်လာစျေးမြင့်တက်အောင် လုပ်သည့် ဝိသမလောဘသမားများကို နှိမ်နင်း ရေး စစ်ကောင်စီက လုပ်ဆောင်သောအခါ ဖမ်းဆီးခံထားရသည့်သူများမှာ စစ်ဗိုလ်ချုပ်များနှင့် အပေါင်းအပါ ခရိုနီများသာ ဖြစ်နေ

Must read

ဒေါ်လာစျေးမြင့်တက်အောင် လုပ်သည့် ဝိသမလောဘသမားများကို နှိမ်နင်း ရေး စစ်ကောင်စီက လုပ်ဆောင်သောအခါ ဖမ်းဆီးခံထားရသည့်သူများမှာ စစ်ဗိုလ်ချုပ်များနှင့် အပေါင်းအပါ ခရိုနီများသာ ဖြစ်နေ

■ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဗိုလ်ချုပ်ရန်နောင်စိုး၊ မြ၀တီဘဏ် ဒါရိုက် တာ တချို့၊ MECမှ ဒါရိုက်တာတချို့ ၊ သိန်းဝင်းဇော်၊ ပုဂ္ဂလိဘဏ် ဒါရိုက် တာများ စစ်ဆေးခံနေရ

ရန်ကုန်၊ စက်တင်ဘာ ၁၆

မြန်မာ့စီးပွားရေးစျေးကွက်တွင် ဒေါ်လာစျေးမြင့်တက်အောင် လုပ်သည့် ဝိသမ လောဘသမားများကို နှိမ်နင်းရေး စစ်ကောင်စီက လုပ်ဆောင်သောအခါ ဖမ်း ဆီး ခံထားရသည့်သူများမှာ စစ်ဗိုလ်ချုပ်များနှင့် အပေါင်းအပါ ခရိုနီများ သာ ဖြစ်နေကြောင်း နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။

စစ်ကောင်စီက ဒေါ်လာစျေးမြင့်တက်အောင်ပြုလုပ်သူများကို ဝိသမလောဘ သမားများဟု အမည်တပ်ပြီး နှိမ်နင်းအရေးယူမည်ဟု ဩဂုတ်လအတွင်း ကြေညာခဲ့ပြီး နောက် ဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ရာ ဖမ်းဆီး ခံရသူများမှာလည်း စစ်ဗိုလ်ချုပ်များ၊ ၎င်းတို့နှင့် နီးစပ်သော ခရိုနီများသာ ဖြစ်နေကြောင်း၊ စစ်တပ်က ခေါ်ယူ စစ်ဆေးသူများတွင် ကုန်သည်စက်မှု အသင်းများမှ တာဝန်ရှိသူတချို့၊ စက်သုံးဆီလုပ်ငန်းရှင်တချို့၊ စားသုံးဆီ လုပ်ငန်းရှင်တချို့၊ ပို့ကုန်သွင်းကုန်သမားများ၊ ဆန်စပါး လုပ်ငန်းရှင်တချို့၊ ရွှေနှင့် ဒေါ်လာဝယ်ရောင်းသမားများ စုစုပေါင်း လုပ်ငန်းရှင်နှင့် စီးပွားရေး သမား ၁၀၀ ထက်မနည်းကို စစ်တပ်က ခေါ်ယူစစ်ဆေးနေကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်က စုံစမ်းရရှိထားသော စာရင်းများအရ စစ်တပ်က စစ်ဆေး နေသော သူများတွင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဗိုလ်ချုပ်ရန်နောင်စိုး၊ မောင်စိန်၊ မောင်ဇော်၊ လွင်မောင်မောင်၊ သိန်းဝင်းဇော်၊ စစ်တပ် လက်အောက် ခံ မြ၀တီဘဏ်မှ ဒါရိုက်တာတချို့၊ စစ်တပ်လက်အောက်ခံ MEC မြန်မာ့စီးပွား ရေး ကော်ပိုးရေးရှင်းမှ တာဝန်ရှိသူတချို့ အပါအဝင် စစ်ဗိုလ်ချုပ်များနှင့် အနီး ကပ် ပူးတွဲ အလုပ်လုပ်နေသူ စီးပွားရေးသမားများ သာဖြစ်ကြောင်း သိရှိရသည်။

“ပုဂ္ဂလိကဘဏ်တွေက တစ်ဒေါ်လာ ၂၉၂၀ ကျပ်နဲ့ ဒေါ် လာ တွေ အရောင်း ပြပြီး အနောက်ကနေ တစ်ဒေါ်လာ ၃၃၀၀ ကျပ်ပြန်ထုတ်တာ၊ စျေးကစားတွေ အကုန်ပေါ်တယ်။ အဝေးသမားတွေ၊ ဟွန်ဒီတွေရော ပါတယ်။ အဲဒီမှာ စစ်တပ် ရဲ့ မြ၀တီဘဏ်၊ MEC ကလူတွေလည်း အခေါ်ခံရ၊ စစ်ဆေးခံရတယ်။ မောင် ဇော်၊ လွင်မောင်မောင်တို့လည်းပါတယ်။ ရွှေဗျိုင်းဖြူ ဥက္ကဋ္ဌ သိန်းဝင်းဇော်ပါ အခေါ်ခံထားရတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသော ကုန်သွယ်ရေး ကော်မတီအပါအဝင် စီးပွားရေးကော်မတီ၊ အဖွဲ့များ၏ ယာယီ ဥက္ကဋ္ဌ အဖြစ် ဒုဗိုလ်ချုပ်ကြီး ညိုစောက တာဝန်ယူဆောင်ရွက်နေကြောင်း သိရှိရ သည်။

စစ်ကောင်စီက စီးပွားရေးသမားများကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရင်း မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ ၏လူယုံ စီးပွားရေး သမားတချို့ပါ အမည် စာရင်းတွင် ပါဝင်လာသော်လည်း စစ်တပ်ဘက်က အရေးယူမှု မရှိ ကြောင်း သိရှိရသည်။

လက်ရှိတွင် မြတ်မေတ္တာမွန်စက်သုံးဆီပိုင်ရှင် ဒေါက်တာဝင်းမြင့်မှာလည်း စက်သုံးဆီလုပ်ငန်းရှင်များအသင်းမှ နုတ်ထွက်သွားကြောင်း သိရှိရသည်။

“စီးပွားရေးသမားတွေ ရှောင်ကြ တိမ်းကြ။ တချို့လည်း ပြေးမရတော့ အိမ်မှာ ထိုင်ပြီး ငါအလှည့် ဘယ်တော့လဲ ထိုင်စောင့်နေကြရတာပဲ။ နာမည်ကြီး ခရိုနီ စီးပွားရေးသမားတွေကတော့ သူတို့ရော သားသမီးတွေပါ ပြည်ပ ထွက်ခွင့် ပိတ်ပင်ထားတယ်” ဟု ရန်ကုန် UMFCCI သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်က စစ်ဆေးနေသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း။
စစ်တပ်က ဖမ်းဆီးစစ်ဆေးနေသည့် ဗိုလ်ချုပ်ရန်နောင်စိုး။
စစ်တပ်က စစ်ဆေးနေသည့် ရွှေဗျိုင်းဖြူ ကုမ္ပဏီများ ပိုင်ရှင် သိန်းဝင်းဇော်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article