25 C
Yangon

ကနီမြို့အနီးတွင် စစ်ကောင်စီသင်္ဘော ၁၁ စီးကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ကနီမြို့အနီးတွင် စစ်ကောင်စီသင်္ဘော ၁၁ စီးကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကနီမြို့အနီးတွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော အ ကြမ်းဖက်စစ်တပ်သင်္ဘော ၁၁ စီးကို လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းမင်းစစ် ကြောင်း- King Peacok Column မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

စက်တင်ဘာလ ၁၂ ရက်နေ့လည် ၁၁ နာရီခန့်က မုံရွာမြို့မှ ချင်းတွင်းမြစ် ကြောင်း အတိုင်း ဆန်တက် လာ သော အကြမ်း ဖက်စစ်ကောင်စီ၏ သင်္ဘော ၁၁ စီးကို ကနီမြို့အနီးအရောက် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များက လက် နက်ကြီးများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု များဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“လက်နက်ကြီး အလုံး ၅၀ ကျော်လောက် ပစ်ခဲ့တာ၊ ခွေးတွေဘက်ကလည်း လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော ကောင်တာပြန်ပစ်တာရှိတယ်၊ ထိခိုက်သေဆုံးပျက်စီးမှုကတော့ စုံစမ်းလို့ မရ သေးဘူး၊ ကျနော်တို့ဘက် ရဲဘော် တွေအားလုံး ဘေးကင်းစွာနဲ့ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်၊”ဟု ဒေါင်း မင်း စစ်ကြောင်း(အညာတပ်ခွဲ)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ၊ FBGA I AK ပြောက်ကြား အဖွဲ့နှင့်အတူ ဒေါင်းမင်းစစ်ကြောင်း(အညာတပ်ခွဲ)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက် မရှိခဲ့ကြောင်း ဒေါင်းမင်းစစ်ကြောင်း (အညာတပ်ခွဲ)ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article