ဆားလင်းကြီးမြို့နယ် ပြည်သူများက ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် ဆက်လက် ထားရှိရေး ထောက်ခံကြိုဆို ပွဲပြုလုပ်
ရန်ကုန်၊ စက်တင်ဘာ ၁၈
ဆားလင်းကြီးမြို့နယ် ပြည်သူများက ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် ဆက်လက် ထားရှိရေး ထောက်ခံကြိုဆို ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ခံကြိုဆိုပွဲကို ယင်းမာပင်ခရိုင် ဆားလင်းကြီး အခြေစိုက် Salingyi Special Tasks Force (SSTF) တပ်ရင်း ၁၄/၁၅ မှ ဦးဆောင် ပြုလုပ်ခဲ့ပြီး ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပအဖ၊ ပကဖ၊ ပလဖ၊ ဆားလင်းကြီး မြို့နယ်-လက်ပံတောင်းတောင် ပင်မသပိတ်၊ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ နှင့် ထောင်နှင့်ချီသော ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

