30 C
Yangon

မူဆယ်နှင့် မိုးကုတ်တွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲ ၃ နေရာ ဖြစ်ပွား၊ သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

Must read

မူဆယ်နှင့် မိုးကုတ်တွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲ ၃ နေရာ ဖြစ်ပွား၊ သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ စက်တင်ဘာ ၁၈

ရှမ်းပြည်နယ် မူဆယ်မြို့နယ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲ ၃ နေရာ ဖြစ်ပွားခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန က ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင် မူဆယ်မြို့နယ်၊ ဟိုပေါ်ရွာမှ နမ့်ကတ်ကို စစ်အင်အား ဖြည့်တင်းနေသည့် အကြမ်းဖက် စစ်တပ်၏ တပ်မ ၉၉ ၊ခမရ – ၄၁၉ နှင့် တအာင်းတပ်မတော် – TNLA တို့ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် နှစ်ဖက် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် လွယ်ကျယ်လောက်မှ ဟိုပေါ်ကို ၁၁ ကြိမ်၊ နမ့်ကတ်အနီးကို ၁ ကြိမ်၊ ၁၀၅ မိုင်တပ်စခန်းမှ လွယ်ပက်ကို ၅ ကြိမ်၊ သိန္နီတပ်စခန်းမှ မန်မိုင်အနီးကို ၇ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲ၌ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် ကျဆုံးမှု များခဲ့ပြီး သေနတ် ၁ လက်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း မိုးကုတ်မြို့နယ်တွင်လည်း ကုန်းစံမှ တအာင်းတပ်မတော်ရှိရာကို ထိုးစစ်ဆင်လာသည့် အကြမ်းဖက် စစ်တပ်၏ တပ်မ ၄၄ ၊ ခမရ-၁၀၂ ၊ ၁၀၄၊ လပခ-ခလရ-၁၄၈ နှင့် တအာင်း တပ်မတော်တို့ နံနက် ၈ နာရီ ၅၀ မိနစ် မှ ၁၀ နာရီ အထိ ကုန်းစံရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ညနေ ၅ နာရီ ခန့်တွင် TNLA မှ အကြမ်းဖက် စစ်တပ်ကို တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မိုးကုတ်မြို့နယ်ဇ အထက် ညောင်ကုန်းကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်၏ တပ်မ ၄၄ ၊ ခမရ-၁၀၂၊ ၁၀၄၊ လပခ-ခလရ-၁၄၈ နှင့် တအာင်းတပ်မတော်တို့ မွန်းလွဲ ၁၁ နာရီခန့်တွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲဖြစ်ပွားသည့် ကုန်းစံအနီးနှင့် အထက်ညောင်ကုန်းရွာအနီးကို စစ်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ၂ ကြိမ်လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မိုးကုတ်မြို့နှင့် ဖြူရောင်ကျေးရွာမှ တအာင်းတပ်မတော်ရှိရာ ကုန်းစံအနီးသို့ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ၁၁ ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်နှင့် တအာင်း တပ်မတော်အကြား ဇူလိုင်လ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၁၇ ရက်နေ့အထိ တိုက်ပွဲ စုစုပေါင်း ၄၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article