38 C
Yangon

စစ်ကိုင်းမြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား၊ တဲကြီးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေ

Must read

စစ်ကိုင်းမြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား၊ တဲကြီးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြားကြောင်း ဂဠုန်မင်းပြည်သူ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၃ နာရီ ၄၀ မိနစ်ခန့်က စစ်ကိုင်းမြို့နယ်၊ ငါးထပ်ကြီးနောက်ဘက်ကို စစ်ကြောင်းထိုး၍ ရွှေဘုံသားကျောင်း၌ တပ်စွဲထားသော စစ်သားများကို ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ခန့်တွင် စစ်ကိုင်းမြို့နယ်၊ တဲကြီးကျေးရွာ၌ အကြမ်းဖက် စစ်တပ်နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေး တပ်ဖွဲ့များက လက်နတ်ကြီး၊ လက်နတ်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂၀ ခန့် သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ထပ်မံ မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်က အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

” ဒီနေ့ နံနက် တဲကြီးရွာ တိုက်ပွဲမှာ စစ်ခွေး ၂၀ လောက်သေတယ်။ တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးတယ်။ စစ်ခွေးတွေက နံနက်က ရွာထဲမှာရှိတဲ့ ပြည်သူပိုင် နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်။ အခု မွန်းလွဲပိုင်းလည်း ထပ်ရှို့နေတယ်။ စစ်ခွေးတွေက အနီးအနားရွာတွေကိုပါ လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူတွေ ပြေးနေရတယ်။ ၁၆ ရက်နေ့ ထိတွေ့တိုက်ပွဲမှာလည်း စစ်ခွေး ၅ ကောင်သေတယ်” ဟု ဂဠုန်မင်းပြည်သူ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article