28 C
Yangon

ချောက်မြို့ပေါ်ရှိ စည်ပင်ရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ကား ၁ စီး ထိမှန်ပြီး ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရ

Must read

ချောက်မြို့ပေါ်ရှိ စည်ပင်ရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ကား ၁ စီး ထိမှန်ပြီး ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၈

မကွေးတိုင်း၊ ချောက်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စည်ပင်ရုံးအတွင်းသို့ လက်ပစ် ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စည်ပင်ဦးစီးအရာရှိ နေမန်အောင်ကားနှင့် ဝန်ထမ်းတချို့ ထိခိုက်ခဲ့ ကြောင်း Chauk Guerilla Force (CGF) မှ ဗိုလ်ပေတ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၁၈ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ပြည်သူလူထုပေါ် မတရား ခြိမ်းခြောက် အကြပ်ကိုင်ကာ မတရားအခွန်ကောက်နေသော ချောက်မြောက်မြို့ပေါ်ရှိ စည်ပင်ရုံးအတွင်းသို့ လက်ပစ် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စည်ပင်ဦးစီးအရာရှိ နေမန်အောင် စီးသောကား အောက်သို့ ကျရောက် ပေါက်ကွဲပြီး ကားထိခိုက်ပျက်စီးမှုရှိကာ အခြားစည်ပင်ဝန်ထမ်းအချို့လည်း ထိခိုက်ဒဏ်ရာရရှိမှုရှိ ကြောင်း သိရသည်။’

“ဒီမနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ စည်ပင်ရုံးကို လျှပ်တပြက် လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာဗျ၊ စည် ပင်ရုံးအတွင်းမှာရှိတဲ့ စည်ပင်ဦးစီးအရာရှိ နေမန်အောင် စီးတဲ့ ကားအောက်ကို ရောက်ပြီး ပေါက်ကွဲတာ၊ ကားနဲ့ ဝန်ထမ်းအချို့ ထိခိုက်မှုရှိတယ်လို့ သိရတယ်၊ ပြည်သူတွေအပေါ် မတရားခြိမ်းခြောက် အကြပ် ကိုင် အခွန်ကောက်နေလို့ တိုက်ခိုက်ခဲ့တာပါ၊ ပြည်သူတွေကလည်း သက်သေတွေနဲ့ တိုင်တန်းမှုရှိပါ တယ်” ဟု Chauk Guerilla Force (CGF) မှ ဗိုလ်ပေတ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Chauk Guerilla Force (CGF) ၊ ချောက်ပကဖနှင့် မြိုင်ပကဖတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ လုံခြုံသည့်နေရာသို့ ရောက် ရှိနေပြီဖြစ်ကြောင်း သိရသည်။

ချောက်မြို့နယ်စည်ပင်ရုံး ဦးစီးအရာရှိ နေမန်အောင်နှင့် ရေပေးဝေရေး အရာရှိ နိုင်နိုင်မော်တို့ကို နောက် ဆုံးအကြိမ်အဖြစ် အပြင်းထန်ဆုံးသတိပေးလိုက်ကြောင်း၊ သက်သေများနှင့်အတူ ထပ်မံတိုင်တန်းမှုများ ရှိလာပါက ၎င်းတို့၏ အသက်ကို တာဝန်ယူမည်မဟုတ်ကြောင်း Chauk Guerilla Force (CGF) မှ သတိ ပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article