Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ရေးမြို့လယ်ခေါင်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ သတင်းတပ်ဖွဲ့က ရဲအုပ် မြင့်လွင်ကို ရေးဘီလူး တပ်ဖွဲ့ ကနေ ပစ်ခတ်ရှင်းလင်းရာမှာ ကားပေါ်မှာပဲ ပွဲချင်းပြီး သေသွားတယ်လို့ ရေးဘီလူး အဖွဲ့ခေါင်းဆာင် ရဲ့ ပြောဆိုချက်နဲ့ ရဲသတင်းရင်းမြစ်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
– မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ အကြမ်းဖက် စစ်တပ် နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်း ထန်နေတဲ့အပြင် ၊ အကြမ်းဖက် စစ်ယာဥ်တန်းလည်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က သေတဲ့သူတွေများထားတယ်လို့လည်း ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
– တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ၊ ပုလောမြို့နယ်မှာရှိတဲ့ လက်ကူးကျေးရွာက စစ်ရှောင်မိသားစုဝင် ၄ ဦးကို အကြမ်ဖက် စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
