38 C
Yangon

မြောင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

မြောင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ၃ ဒီမိုပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မြောင်မြို့နယ် ပေါက်တောကျေးရွာနှင့် ကျောက်ဆူးတန်းကျေးရွာ အကြား၌ အင်အား ၂၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ၃ ဒီမိုပြောက်ကျားတပ်ဖွဲ့မှ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးကာ ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ မွန်းလွဲပိုင်းက မြောင်မြို့နယ် ပေါက်တောကျေးရွာနဲ့ ကျောက်ဆူးတန်းကျေးရွာ အကြားမှာ စစ်ခွေး အင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းကို မိုင်းစစ်ဆင်ရေး ပြုလုပ်ခဲ့ရာ ပွိုင့် ၂ ပွိုင့် ထိထိမိမိ မိုင်းဆွဲခဲ့ပြီး စစ်ခွေး ၃ ကောင်နေရာ တင်သေးဆုံးပြီး ခန့်မှန်း ၁၀ ကောင် အပြင်းအထန် ဒဏ်ရာတယ်” ဟု မုံရွာခရိုင် အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ၃ ဒီမိုပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article