38 C
Yangon

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ဒုဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၁၀ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံး

Must read

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ဒုဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၁၀ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၈

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်တပ်မှ ဒုဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၁၀ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၄ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ကြအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကျေးရွာ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကို KNLA/PDF-9903 မဟာမိတ်ပူးပေါင်းတပ်က ပိတ် ဆို့တိုက်ခိုက်ခဲ့ရာ နံနက် ၁၀ နာရီခွဲခန့်အထိ တိုက်ပွဲကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်း ဖက်စစ်တပ်မှ ဒုဗိုလ်မှူးကြီး ကို စနိုက်ပါဖြင့် ပစ်ခတ်ချေမှုန်းခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ ၇ ဦးဒဏ်ရာရရှိကာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ တပ်မ ၄၄ ၊ တပ်မ ၂၂ နှင့် ကရင်နယ်ခြား စောင့်တပ်(BGF) အပါ အင်အား ၇၀ ဝန်းကျင်ခန့် ရှိ စစ်ကြောင်းဖြစ်ပြီး အထိနာသွားသော အကြမ်းဖက်စစ်ကောင်စီတပ်မှ Mi-35 ရဟတ်ယာဉ်ဖြင့် ၂၅ မိနစ်ခန့် လာရောက်ပစ်ခတ်သည့်အပြင်အဘစ်ရွာ အမြောက်တပ်မှ ၁၂၂ မမ ဟောင်ဝစ်ဇာဖြင့် လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထို့သို့ တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) 9903 နဂါးနီစစ်ကြောင်းမှ ရဲဘော် တစ်ဦး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) ရုံးချုပ်က ထုတ်ပြန် ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article