Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက်စစ်ကောင်စီက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန် ဆန်စေရေး ဗဟို ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ တွဲဘက် အတွင်း ရေးမှူး ဗိုလ်ချုပ်ရန်နောင်စိုး တို့ကို ဖမ်းဆီး စစ်ဆေးနေရာတွင် နောက်ဆက်တွဲအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ညွန့်အောင်ကိုပါ ထပ်မံ ဖမ်းဆီး လိုက်တယ်လို့ သိရပါတယ်။
-ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်မှ ဒုဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၁၀ ဦးသေဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
– စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာတွင် ဒုရဲအုပ် သန်းမင်းစိုး နှင့် ဇနီး အသတ်ခံ ရပြီးနောက် စစ်တပ်က အဆိုပါကျေးရွာကို စစ်ကြောင်း ထိုးကာ ကလေးငယ် ၁ ဦး အပါအဝင် အရပ်သားပြည်သူ ၈ ဦးကို သတ်ဖြတ် လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
