28 C
Yangon

ကျိုက်ထိုမြို့တွင် စစ်တပ် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

ကျိုက်ထိုမြို့တွင် စစ်တပ် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း တောကျီးကန်းစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကျိုက်ထိုမြို့၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းအနီး သစ်ကွင်းလမ်းစုံဂိတ်ရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောကျီးကန်း စစ်ကြောင်း တပ်ခွဲ ၂ နှင့် KNU/KNLA ပူးပေါင်းတပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article