38 C
Yangon

ကသာနှင့်ရွှေကူမြို့နယ်တွင် စစ်တပ်က ပြည်သူ ၈ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၈၀ ကျော်နှင့် စက်လှေ အစီး ၄၀ ကို မီးရှို့ဖျက်ဆီး

Must read

ကသာနှင့်ရွှေကူမြို့နယ်တွင် စစ်တပ်က ပြည်သူ ၈ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၈၀ ကျော်နှင့် စက်လှေ အစီး ၄၀ ကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ စက်တင်ဘာ ၂၂

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တို့တွင် စစ် တပ် က ပြည်သူ ၈ ဦးကို သတ်ဖြတ်ပြီး နေအိမ်အလုံး ၈၀ ကျော်နှင့်စက်လှေ အစီး ၄၀ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြို့လှ KPDF တပ်ဖွဲ့က ထုတ်ပြန်ပြော ဆို သည်။

စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၇ နာရီအချိန် မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ ဗန်းမော်မြို့သို့ တက်လာသော စစ်ကောင်စီ ရိက္ခာတင် သင်္ဘော(ပုံညာ)၊ ကမ်း ထိုး တိုက်ခိုက်ရေး သင်္ဘောအကြီးတစ်စီး၊ တိုက် ခိုက်ရေး စစ်သင်္ဘောအသေး ၂ စီး နှင့် လက်နက်ရိက္ခာ တင်ထားသည့် ဖလပ်ခွံ့တွဲတွန်း သင်္ဘော ၂ စီး အပါ အဝင် စုစုပေါင်း သင်္ဘော ၆ စီးမှာ တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၁၇ နှင့် ပျူစောထီးပူးပေါင်း အင် အား ၈၀ ခန့် လုံခြုံရေးလိုက်ပါလျက် မြစ်ကမ်းရိုး တလျှောက် ရမ်းသမ်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါစစ်သင်္ဘောအုပ်စု နှင့် စစ် ကြောင်းများသည် စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်တွင် ကသာမြို့သို့ ဆိုက်ကပ်ရောက်ရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၇ ရက်နေ့တွင် စစ်သင်္ဘောအုပ်စုသည် ကသာမြို့မှ ဆက်လက် ဆန်တက်လာကာ ကသာမြို့နယ်၊ တုတ်ကြီးကျေးရွာမှ နေအိမ် ၃၄ လုံးကို အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ တုတ်ကြီးကျေးရွာမှ အပြစ်မဲ့ပြည်သူ ၈ ဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြောင်း၊ ယင်းနောက် ကသာမြို့မှ သင်္ဘောများ ဆက်လက် ဆန်တက်လာပြီး ငါးအိုးကျေးရွာတွင် အထိုင်ချထားသော ခလရ ၁၂၁ တပ်မှ အင်အား ၆၄ ဦး နှင့် ခလရ ၃၁၉ မှ တပ်သားအင်အား ၂၆ ဦး ထပ်မံ ဖြည့်တင်းခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီခန့်အချိန် စစ်သင်္ဘောအုပ်စုက ရွှေကူ မြို့ နယ်၊ ရေပျံလေးကျေးရွာတွင် ဆိုက်ကပ် ည အိပ်ရပ်နားခဲ့ရာ ဆင်တပ် ကျေးရွာမှ စစ်တပ်က လုံခြုံရေးယူပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ရပ်နား ပြီး စက်တင် ဘာလ ၁၈ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် စစ်တပ်က ရွှေဖောင်စက်လှေ အစီး ၄၀ ခန့်ကို စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် ရေလဲကျေးရွာမှ ပြည်သူ့နေအိမ် ၄၅ လုံးကိုလည်း ဆက် လက် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ မိုးစစ်ကျေးရွာမှ ပြည်သူ့နေအိမ် ၂ လုံးကို ထပ်မံ မီးရှို့ ဖျက်ဆီး ကာ ဈေးဆိုင်တစ်ဆိုင်အတွင်းမှ ပြည်သူပိုင်ပစ္စည်းများကို မွှေနှောက် ခိုးယူလုယက်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article