36 C
Yangon

ရာထူးပြုတ် ရဲအရာရှိတချို့ကို အချုပ်ချ၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင် နေ

Must read

နိုင်ငံတော်၏ လျှို့ဝှက်ချက်ပေါက်ကြားမှု၊ ဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ထံသို့ ပုံမှန် ဆက်ကြေး ပေးဆောင်ခဲ့မှု ၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် ရဲမှူးချုပ် အောင်ဌေးမြင့်၊ ရဲမှူးကြီး ဉာဏ်မြင့်ကျော် နှင့်ရဲမှူးချုပ် စိန်လွင်တို့ကို စစ်ကောင်စီက ရာထူးမှ အနားပေး

■ ရာထူးပြုတ် ရဲအရာရှိတချို့ကို အချုပ်ချ၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင် နေ

ရန်ကုန်၊ စက်တင်ဘာ ၂၂

စစ်ကောင်စီ၏ လျှို့ဝှက် အစည်းအဝေး မှတ်တမ်း ယခုနှစ် ဇန်နဝါရီလအတွင်း ပေါက်ကြားခဲ့မှု ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ထံသို့ ဆက် ကြေးပုံမှန် ပေးဆောင်ခဲ့မှု ၊ ခြစားမှုများဖြင့် ရဲမှူးချုပ် အောင်ဌေး မြင့်နှင့် စစ်ကိုင်း လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်၊ မန္တလေး တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင် တို့ကို ရာထူးတာဝန်များမှ အနား ပေး လိုက် သည့် အမိန့်များကို စစ်ကောင်စီက ထုတ်ပြန်လိုက်ပြီး စစ်တပ်က စုံစမ်း စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း နေပြည်တော် စစ်တပ် သတင်းရင်းမြစ်ထံမှ သိရှိရသည်။

နိုင်ငံတော်လျှို့ဝှက် ပေါက်ကြားမှုဟုဆိုပြီး စစ်ကောင်စီက အရေးယူမှုမှာ NUG ၊ CRPH နှင့် PDF တို့ကို ချေမှုန်းရေး အတွက် ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ် ဦးဆောင်ကျင်းပခဲ့သည့် စစ်ကောင်စီ၏ လျှို့ဝှက် အစည်းအဝေး မှတ်တမ်းကို Khit Thit သတင်းဌာနက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် သတင်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး ယင်းပေါက်ကြားမှုအတွက် နောက်ကြောင်းပြန်၍ စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ ၏ လျှို့ဝှက် အစည်း အဝေးသို့ ပြည်ထဲရေးဝန်ကြီး စိုးထွဋ် အပါအဝင် ဌာနပေါင်းစုံမှ အရာရှိကြီး ၅၅ ဦးတက်ရောက်ခဲ့ကြောင်း၊ ထိုအစည်းအဝေးတွင် နိုင်ငံဖြတ်ကျော်မှုခင်းဌာန၏ ဌာနကြီးမှူးလည်းဖြစ်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ တွဲဖက် အတွင်းရေးမှူးလည်းဖြစ်သူ ရဲမှူးချုပ်အောင်ဌေးမြင့်က မှတ်တမ်းအတွက် တာဝန်ယူခဲ့ရကြောင်း ၊ ရဲမှူးကြီး ဉာဏ်မြင့်ကျော်မှာမူ ယင်းအစည်းအဝေး ကိစ္စ အပြင် လာဘ်ပေးလာဘ်ယူ ကိစ္စ တိုင်ကြားခံရသဖြင့် ဖမ်းဆီး အရေးယူ စစ်ဆေးနေခြင်းဖြစ်ကြောင်း၊ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်မှာ လည်း လာဘ်ပေးလာဘ်ယူမှုများကြောင့် စစ်ဆေးခံနေရကြောင်း သိရှိရသည်။

“ရဲမှူးချုပ် စိန်လွင်၊ ရဲမှူးကြီး ဉာဏ်မြင့်ကျော်၊ ရဲမှူးချုပ်အောင် ဌေးမြင့်တို့ ကတော့ ရာထူးကနေ အနားပေးတဲ့ အမိန့်စာတွေ ထွက်လာပြီ။ အဲဒီမှာ ရဲမှူး ချုပ် အောင်ဌေးမြင့်က အချုပ်ထဲမှာ ။ ကျန်တဲ့ နှစ်ဦးကတော့ အငြိမ်းစားပေးပြီး နေအိမ် အကျယ်ချုပ်သဘောမျိုး စစ်ဆေးတယ်လို့ သိရတယ်။ ဘာအမှုလဲ ဆို တာ ထက် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်အမှုတွေနဲ့ဆက်စပ်တယ်။ နိုင်ငံတော် လျှို့ ဝှက် ချက်ပေါက်ကြားခဲ့တာတွေနဲ့လည်း ပတ်သက်တယ်” ဟု နေပြည်တော် စစ် ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်မှာလည်း အမှုများစွာဖြင့် စစ်ကောင်စီ၏ ထိန်းသိမ်း စစ်ဆေးမှုများကို ခံနေရပြီး စိုးထွဋ် ၏ မိသားစု ဝင်များကိုပါ ထိန်းသိမ်းထားကြောင်း သိရှိရသည်။

နာမည်ဆိုးဖြင့် ကျော်ကြားသည့် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ကို မင်းအောင်လှိုင် က ဩဂုတ်လ ၃ ရက်နေ့တွင် အရေးပါမသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၁

ဝန်ကြီးအဖြစ် ပြောင်းရွှေ့ခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ပြည်ထဲရေး ဝန်ကြီး အဖြစ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်သည် လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်၊ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးဂျင်မီ အပါအဝင် တော်လှန်ရေး ရဲဘော် ၄ ဦးကို အင်းစိန်အကျဉ်းထောင်တွင် ကြိုးပေးသတ်ဖြတ်ရာတွင် အဓိက ဦးဆောင် ပါဝင်ခဲ့သူလည်းဖြစ်သည်။

ရာထူးပြုတ်၍ စစ်ဆေးခံနေရသော ရဲမှူးချုပ် စိန်လွင်
ရာထူးဖြုတ်ခံရပြီး ထောင်သွင်းအကျဉ်းချ၍ စစ်ဆေးခံနေရသော ရဲမှူးချုပ် အောင်ဌေးမြင့်။
ရာထူးပြုတ်ပြီး စစ်ဆေးခံနေရသော ရဲမှူးကြီး ဉာဏ်မြင့်ကျော်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article