25 C
Yangon

Breaking News- တန့်ဆည်မြို့ပေါ်ရှိ စစ်တပ် အထိုင်စခန်း ၂ ခုကို PDF များ တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၃ ဦးသေဆုံးပြီး သေနတ် ၁၄ လက် သိမ်းဆည်းရရှိ

Must read

Breaking News- တန့်ဆည်မြို့ပေါ်ရှိ စစ်တပ် အထိုင်စခန်း ၂ ခုကို PDF များ တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၃ ဦးသေဆုံးပြီး သေနတ် ၁၄ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ အထိုင်စခန်း ၂ ခုကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၃ ဦး သေဆုံးကြောင်း PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၂ နာရီမှ နံနက် ၂ နာရီခန့်အထိ တန့်ဆည် မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ဒေါင်းမင်း ဆီဆိုင်ဟောင်းနေရာ နှင့် လဝက ရုံး နေရာများကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား၊ ရဲ နှင့် ပျူစောထီး ၂၀ ကျော် သေဆုံးခဲ့ပြီး G3 ၊ MA 1 ၊ MA 2 နှင့် ခြောက်လုံးပြူး သေနတ် အပါအဝင် လက်နက် ၁၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“တန့်ဆည်မြို့ပေါ် ဌာနဆိုင်ရာ ရုံးတချို့ကို တက်သိမ်းပြီး မီးရှို့လိုက်ပြီ။ ရဲနဲ့စစ်သား ၂၃ ယောက်သေပါတယ်။ သေနတ်မျိုးစုံ ၁၄လက်ရတယ်။ ရုံးတွေအကုန်လုံးတော့ တက်သိမ်းခဲ့တာ။ မြို့ပေါ်အခြေအနေမကောင်းဘူး။ မြို့ပေါ်ကလူတွေ အပြင်မထွက်ရဘူးဆိုပြီး စစ်တပ်က ပိတ်ဆို့ထားတယ်” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

အလားတူ အခြား PDF သတင်းရင်းမြစ်ကမူ “ဝင်ရောက် တိုက်ခိုက်တာက ဒီနေ့ နံနက်အစော ၁၂ နာရီလောက်ကနေ နံနက် ၂ နာရီလောက်အထိပါ။ စစ်ခွေး သေစာရင်း ၂၀ ကျော်တယ်။ သေနတ် ၁၄ လက်ရတယ်။ လက်နက် အမျိုးအစားတွေက G3 ၊ MA 1 ၊ MA 3 နဲ့ ခြောက်လုံးပြူး သေနတ်တွေ သိမ်းရရှိခဲ့တယ်” ဟု ပြောဆိုသည်။

PDF ရှေ့တန်းသတင်းရင်းမြစ်ကမူ တန့်ဆည်မြို့ပေါ်ရှိ စစ်‌ကောင်စီတပ် သားများ တပ်စွဲထားသော ဌာနဆိုင်ရာရုံးများကို ပြည်သူ့ကာကွယ်ရေးတပ် ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်များသိမ်းဆည်းရရှိခဲ့ကြောင်း ‌ထံမှ သိရသည်။

တန့်ဆည်မြို့ လဝကရုံး၊ မြို့နယ်ပညာရေးရုံး၊ တရားရုံးနှင့် ရွှေဒေါင်းမင်းဆီဆိုင် တို့ တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို စက်တင်ဘာလ၂၂ ရက်နေ့ နံနက် ၁၂နာရီ ၃၃မိနစ်မှ ၃နာရီခွဲခန့်အထိ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂၃ ဦးခန့် သေဆုံးပြီး MA-13 သေနတ် ၃ လက်၊ G-3 သေနတ် ၃လက်၊ ကာဘိုင်သေနတ် ၇လက်နှင့် ခြောက်လုံးပြူးသေနတ် တစ်လက် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ရှေ့တန်းရဲဘော်တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ညသန်းခေါင်မှာ တက်သိမ်းပြီး ရုံးတွေကို ရှင်းလင်းမီးရှို့ခဲ့တာ။ တိုက်ပွဲက ၃နာရီလောက်ကြာတယ်။ ဒုရဲအုပ်တစ်ယောက်၊ ရဲတပ်ကြပ်ကြီး ၃ ယော‌က် အပါအဝင် ၂၃ ဦးလောက်သေတယ်။ ကျနော်တို့ဘက်ကတော့ တစ်ယောက် ကျတယ်။ အောင်ပွဲကြီးတစ်ခုပါ” ဟု ပြောသည်။

တိုက်ပွဲအပြီးတွင် တန့်ဆည်ရဲစခန်းသို့ စစ်‌ကား၄စီးဖြင့် အင်အားဖြည့်တင်းခဲ့ပြီး တိုက်ပွဲဖြစ်‌နေစဉ် အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် တန့်ဆည်မြို့ပေါ်မှ ၅နှစ်အရွယ် မိန်းကလေးတစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ရကြောင်း တန့်ဆည်မြို့ခံများထံမှ သိရသည်။

တန့်ဆည်မြို့ပေါ် စခန်းသိမ်းစစ်ဆင်ရေးတွင် အမှတ်(၁) စစ်ဒေသ၊ ရွှေဘိုခရိုင် ကွပ်ကဲရေး၏ ဦးဆောင်မှုဖြင့် တန့်ဆည်မြို့နယ်အခြေစိုက် ပြည်သူ့ကာ ကွယ်ရေး တပ်ရင်းများ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြကြောင်းသိရသည်။

လက်ရှိအချိန်တွင် တန့်ဆည်မြို့မ စခန်းရှိ အထိုင်ချ တပ်စွဲထားသော အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားရာ နေရာများကို ရှင်းလင်းရှာဖွေ နေပြီး သေဆုံးအလောင်းများကို သယ်ယူသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article